Monday, February 21, 2022



မျက်ရည်အားအင်

ညကမှောင်မိုက်လွန်းလှတယ်
လအပေါ်ကိုလည်း တိမ်စိုင်တွေ အုပ်မိုးလို့ထားတယ်
တရွေ့ရွေ့ပြေးနေကြတဲ့တိမ်တိုက်တွေကလည်း    
လွမ်းဆွေးစရာကောင်းပြန်တယ်  
ကောင်းကင်တစ်ခုလုံး  
မည်းမှောင်လို့နေတယ်
တိမ်စိုင်တစ်ချို့ဟာ ဆိုလျှင်များ 
လူအရိုးစုပုံစံနဲ့တောင်  
တူများတူလိုက်ပါပေတယ်
ကြယ်တွေအကြောင်းလား  
မမေးပါနဲ့တော့ဗျာ 
သိပ်ကိုရင်နာစရာကောင်းတယ်
ဓူဝံကြယ်ဟူသည်  မှေးမှိန်ရိုးထုံးစံမရှိ 
တိမ်ဘယ်လောက် အုပ်ဆိုင်း  အုပ်မှိုင်း
တရေးနိုးထကြည့်တောင်
အဆုံးမရှိ လင်းလက်မယ့်ကြယ် 
ပြောစရာစကားလုံးအစအန ရှာမရလောက်အောင်ကို   
ဗလောင်ဆူလွန်းလှတဲ့  ဒီရင်
တဆစ်ဆစ်နဲ့နာကျင်လွန်းရတဲ့  ဒီအသည်းစုံ 
စက္ကူခပ်ပါးပါးတစ်ရွက်ပေါ်  
ကျတဲ့မျက်ရည်  
ကဗျာတစ်ပုဒ်နဲ့ပဲ  သုတ်လိုက်ချင်ပါတယ်
ညအမှောင်ထဲမှာ  ကြယ်ရောင်တဖျဖျနဲ့
လမ်းပျောက်တဲ့ငါဆိုသည်မှာ 
ရှေ့ဆက်လျှောက်ဖို့  အားအင်သစ်တစ်ခုရပြန်ပြီ 


   ThaeNu

10 comments:

  1. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  2. မိတ်ဆွေDrတယောက်နဲ့ မသေရင်ပြန်ဆုံမရ်ဗျာ..
    ရေးမိတာကို မင်းစိတ်ကျ ရောဂါဖစ်နေပီတဲ့ ဟူး
    စိတ်တွေ လေးလွန်းပါတယ်😌 စခမအလတွေကိုဆယ်သက်ကမ္ဘာမကြေး

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...