.....
အချိန်တိုတိုလေးရွာလိုက်တာပါ
တနွေလုံးအပူတွေဝေးသွားပေါ့..
တစ်ပင်ထည်းပဲ
တစ်တောလုံးကြိုင်လှိုင်လို့..
တစ်နိုင်ငံလုံးလင်းတဲ့ လ
ခဏလေးသာခွင့်ရခဲ့တယ်..
မရှိတော့ပေမယ့်
အမြဲရှိနေတယ်..
မပြောတော့ပေမယ့်
အမြဲကြားနေတယ်..
မအိုဘူး မနာဘူး
သေပြီးတော့လည်း မသေဘူး..
သူ့အသက်က
ပြည်သူတွေရဲ့ရင်ထဲမှာလေ...
မောင်စိန်ဝင်း(ပုတီးကုန်း)




ပန်းမဝင်ခင်
ReplyDeleteတက်
မထောင်ကြနဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ
သတိရကြပါ
လက်တွေ့
တော်လှန်ကြပါ
done
ReplyDeleteဗိုလ်ချုပ်လို ကိုယ့်တိုင်းပြည်ကိုယ့်မျိုးတွက်ကိုယ်ကျိုးမငဲ့တဲ့သူရဲကောင်းတွေပေါထွန်းလာမရ်လို့ယုံကြည်ပါတယ်❤
ReplyDelete