Sunday, February 13, 2022







အောင်ဆန်း
        .....
   အချိန်တိုတိုလေးရွာလိုက်တာပါ
တနွေလုံးအပူတွေဝေးသွားပေါ့..

   တစ်ပင်ထည်းပဲ
တစ်တောလုံးကြိုင်လှိုင်လို့..

   တစ်နိုင်ငံလုံးလင်းတဲ့ လ
ခဏလေးသာခွင့်ရခဲ့တယ်..

   မရှိတော့ပေမယ့်
အမြဲရှိနေတယ်..

   မပြောတော့ပေမယ့်
အမြဲကြားနေတယ်..

   မအိုဘူး မနာဘူး
သေပြီးတော့လည်း မသေဘူး..

   သူ့အသက်က
ပြည်သူတွေရဲ့ရင်ထဲမှာလေ... 

   မောင်စိန်ဝင်း(ပုတီးကုန်း)

3 comments:

  1. ပန်းမဝင်ခင်
    တက်
    မထောင်ကြနဲ့တဲ့
    ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ
    သတိရကြပါ

    လက်တွေ့
    တော်လှန်ကြပါ

    ReplyDelete
  2. ဗိုလ်ချုပ်လို ကိုယ့်တိုင်းပြည်ကိုယ့်မျိုးတွက်ကိုယ်ကျိုးမငဲ့တဲ့သူရဲကောင်းတွေပေါထွန်းလာမရ်လို့ယုံကြည်ပါတယ်❤

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...