စစ်ကြီးပြီးရင် ချစ်ကြတာပေါ့
___
အသဲငယ်ရေ
အချစ်အကြောင်းနဲ့ စစ်အကြောင်း
ယှဥ်တွေးရမယ်ဆို စစ်ကိုဘဲ ဦးစားပေးမိမယ်
နားလည်တော့ အချစ်ရယ်
မချစ်လို့မဟုတ်ဘူး အသဲငယ်
မြို့ပြဟာ နာဇီအကျဥ်းစခန်းတွေဖြစ်လာတဲ့နောက်
ကိုယ်ဟာ အသဲငယ်နဲ့ ဝေးရာမှာ
စစ်ကို စစ်နဲ့တိုက်ဖို့
ပေးလိုက်ရတဲ့အသက်တွေကို ပြန်အစားရဖို့
ရိုးမအနှံ့ ခြေဆန့်ခဲ့တယ်
တိုင်းရင်းသားတွေကို ကိုယ်တို့တောင်းပန်ရမယ်
စစ်ဒဏ်ကို ပြည်မထက်ပိုခံပေးနေရတဲ့သူတွေကို
ကိုယ်တို့ မေ့လျှော့ခဲ့မှုကို ပြန်တောင်းပန်ရမယ်
စစ်ကြီးမြန်မြန်ဖြစ်စေချင်တဲ့ လူငယ်တယောက်
အချစ်နဲ့ ကျစိမ့်တခွက်ကို လွမ်းလှပေါ့
"တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့"တဲ့
ကိုယ်အထပ်ထပ်နားထောင်နေတယ်
တောပန်းတွေ သိပ်လှတာဘဲ အသဲငယ်
ပန်ပေးချင်လိုက်တာကွယ်
မင့်ရဲ့ နက်မှောင်တဲ့ ဆံသားမှာ
တော်လှန်ပန်းနီ တပွင့် ပန်ထားရင် သိပ်လှမယ်
မောင်းပြန်တွေ ဗြောင်းဆန်အောင် ပစ်နေတော့
ကိုယ်တို့ ချောင်းကို ဆန်ပြေးရသေးတယ် အသဲငယ်
အကိုတယောက်ကပြောတယ်
လက်နက်မရှိရင် တော်လှန်ရေးသမားလဲ စစ်ရှောင်ရတယ်တဲ့
သေနတ်လိုတယ် ကိုယ်တို့ ကျည်ဆန်အရေးပေါ်လိုတယ်
တကယ်ပါ မင့်အနမ်းတွေနဲ့ ခါးချိုးသေနတ်
ရွေးကြစတမ်းဆို ခုချိန် ကိုယ် သေနတ်ဘဲရွေးမယ်
မချစ်လို့တော့ မဟုတ်ဘူး အသဲငယ်
အရင်လိုပြန်ချစ်ကြဖို့
အရင်လိုပြန်ဖြစ်ကြဖို့
ကိုယ်တို့ စစ်တိုက်ရမယ်
အသဲငယ် မျှော်ရစ်တော့ကွယ်
စစ်ကြီးအပြီး မသေရင်
ကိုယ်တို့ အရင်ထက် ပိုချစ်ကြမယ် ။ ။
ရဲဘော်ဒဂုံ (ထောက်ပံ့ရေးတပ်စု)
Stay strong.
ReplyDeletedone
ReplyDeleteစစ်ကြီးပြီးတဲ့တနေ့ ပြန်ဆုံတွေ့နိုင်ဖို့မျှော်လင့်ပါတယ်
ReplyDeleteပြန်ဆုံကြမယ်
ReplyDeletedone
ReplyDeletebelieve it ;we will meet
ReplyDelete