မီးလင်းဖိုလေး ရင်ခွင်ရဲတိုက်
__________________________
မီးလင်းဖိုလေးရေ . . .
ဒီနေ့တော့ ပြောစရာစကားတွေအများကြီးပေါ့
မီးလင်းဖိုလေးရေ . . .
အနုပညာတွေ မဲ့ကုန်ကြပါပေါ့လား
ဒီနိုင်ငံမှာ အနုပညာထွန်းကားပါရက်နဲ့
နှလုံးသားတွေများ မာကြောလိုက်ကြတာ
လူသားနဲ့တိရစ္ဆာန်ကြားက,ကွာဟမှုဆိုတဲ့
စာနာစိတ်လေးတောင် ရင်ထဲမကိန်းဝပ်နိုင်တော့ပြီ
မီးလင်းဖိုလေးရေ . . .
ဒီမြေပေါ်မှာ သွေးသောက်ပက်စက်လှချေလား
မီးလင်းဖိုလေးရေ . . .
အနုပညာဆိုတာ ရင်ခွင်ရဲတိုက်(နှလုံးသား)ရဲ့ အာဟာရမဟုတ်လား
မသေဆေးမဟုတ်လား
မြန်မာပြည်မှာ နှလုံးသားအာဟာရချို့တဲ့လိုက်တာ
စာနာစိတ်ဆိုတာ ကရုဏာဆိုတာ
ကုန်းကောက်စရာတောင် မရှိတော့ပါလား
မီးလင်းဖိုလေးရေ . . .
ရင်ခွင်ရဲတိုက်ပေါင်း ဘယ်လောက်တောင်များ
ခြောက်သွေ့သွားကြပြီလဲ မာကျောသွားကြပြီလဲ
မီးလင်းဖိုလေးရေ . . .
အနုပညာနဲ့နူးညံ့စေမယ် . . .
အနုပညာနဲ့ရဲရင့်စေမယ် . . .
မီးလင်းဖိုလေးရေ . . .
အနုပညာနဲ့၊စာတွေ၊ကဗျာတွေနဲ့ တိုက်ပွဲဝင်မယ် . . .
မီးလင်းဖိုလေးရေ . . .
ရင်ခွင်ရဲတိုက်လေးတွေလှပနိုင်ဖို့
နှလုံးသားအာဟာရလေးတွေ
နှလုံးသားရဲ့မသေဆေးလေးတွေ
များများကျွေးမွေးကြရအောင် . . . . .
များများစုဆောင်းကြရအောင် . . . . .
များများ . . . . . ။ ။
ဇွဲ
Nice.
ReplyDeletedone
ReplyDeleteWe must win
ReplyDeletedone
ReplyDelete