ကြယ်
ကြယ်သီချင်းက ငါ့နေ့ခင်းတွေမှာ ငိုကြွေးလျက်
ညတွေမှာ ပေါက်ကွဲမှုနဲ့အတူ တိတ်ဆိတ်ခြင်းက တောက်ခေါက်လျက်
အမှောင်ထုရဲ့ဖုံးလွှမ်းမှုမှာ ရောင်နီလာမှာပါ မျှော်နေရှာ
ကလေးငယ်...ငါဟာလည်း လူမမာ
ထူမပေးဖိုရာ အားမရှိပါ
ဝေးဝေးနေပေးပါ
ဆုပ်ကိုင်ဖမ်းဆွဲလိုသမျှ
လွတ်ထွက်လိုသွားနေတာ
ဒါကလေမှုန်လေမွှားလောက်ပဲရှိလေသလား
ငါဟာ မျက်စိထဲ အရာရာကိုပုံဖော်ကြည့်ရင်း
နားထဲမှာ သူ့ဘာသာတီးခတ်နေတဲ့ တေးသီချင်း
ခပ်တိုးတိုးညည်းလိုက်ချင်
သံတိုင်ကြားက ကျောက်နံရံအေးစက်စက်မှာ
မြေဖြူတစ်ချက် ဖျတ်ကနဲ
ဆွဲလိုကာခြစ်
ငါဟာ အင်းဆက်တွေနဲ့မိတ်ဆွေဖွဲထားတဲ့လူတစ်ဖြစ်
အချစ်သင်္ကေတ ရစ်သမ်တွေ ကောင်းကင်ပေါ်ဝဲ
ဪ ဗင်ဂိုးရဲ့ ပန်းချီထဲကလို
ကြယ်တွေစုံတဲ့ညပါပဲ
#Tommy
done
ReplyDeleteBe safe all.
ReplyDelete❤✅
ReplyDeleteကြယ်တွေစုံတဲ့ညမရောက်သေးခင် ကြယ်တွေမကြွေစေဖို့
ReplyDeleteဝိုင်းclick ကြပါစို့
done🐦
ReplyDeleteအရမ်းခက်ခဲတဲ့အခါ
ReplyDeleteဟိုးအဝေးအနာဂတ်ကို သိပ်မတွေးပါနဲ့။
ဒီကနေ့ကိုပဲကြိုးစားကျော်ဖြတ်နိုင်ဖို့
ကိုယ့်ကိုယ်ကိုယ် အားပေးကြည့်ပါ။
"ဒီနေ့ကိုကျော်ဖြတ်မယ်" ဆိုတာ
အခက်အခဲအားလုံးအတွက် ကျိန်စာပါ။
ဒီကနေ့ကို အားတင်းကျော်ဖြတ်ရင်း
တစ်ရက်ပြီးတစ်ရက်
အခက်အခဲကနေ လွတ်မြောက်ခဲ့ကြတာပဲ မဟုတ်လား....
#crd
let try together
ReplyDeleteမတရားမှုကို အဆုံးသတ်မပစ်ဘဲ
ReplyDeleteအလိုက်သင့် နေထိုင်ရင်းနဲ့
ပါးစပ်ကနေ ပြောနေရုံဆိုရင်
ကိုယ်တိုင် မတရားမှုမှာ ပါဝင်နေတဲ့သဘောပါပဲ။
သူတို့ကို ဆန့်ကျင်တဲ့သူဟာ
သမိုင်းဖြစ်လာတာပါပဲ။
RAATCHASI
(အိန္ဒိယရုပ်ရှင် 2019)
Done
ReplyDelete❤️❤️
ReplyDelete