Thursday, February 10, 2022


"ငါ... တော်လှန်ရေးလုပ်တယ်"


ငါ... နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး
ငါဟာ သမ္မတ ၊ ဝန်ကြီးချုပ်လည်း မဖြစ်ချင်ဘူး 

သူရဲကောင်း ၊ အာဇာနည်လည်း မဖြစ်ချင်ဘူး 

ဝါသနာပါလို့လည်း မဟုတ်ဘူး 

အသက် နှင့် ထောင် ကြားမှာလည်း ဝါသနာပါစရာ မကောင်းဘူး 

ဘယ်သူပဲ တက်တက် တိုင်းပြည်အတွက် လူအများအတွက် အကျိုးရှိစေမယ့်သူ  
အကျိုးရှိစေမယ့် အစိုးရတစ်ရပ် ရရှိဖို့ အတွက် တော်လှန်ရေး လုပ်တယ် 

ငါ.. 
တော်လှန်ရေး လုပ်တယ် 

I Do Revolution. 
I make democratic federal government for Myanmar People.


San Zuren 🌸

12 comments:

  1. ဘာမျော်လင့်ချက်မရှိ ...
    တရားမျှတမှု လူ့အခွင့်ရေး ကျွန်ပညာရေး
    ကျွန်စနစ်ကို မကြိုက်လို့ တထောင့် တနေရာကနေ
    ငါတို့တော်လှန်တရ်...click &supportလဲ
    တော်လှန်ချင်းတမျိုး နိင်တဲ့ဖက်ငါတို့စိတ်ခိုင်ခိုင်နဲ့ရပ်တည်မယ်ဆက်တော်လှန်ကြမရ်💪💪

    ReplyDelete
    Replies
    1. အဲဒါဘဲလုပ်နိုင်တယ်

      Delete
  2. ဒီညမ​ရေးတာ​လေး​တွေက​ကောင်းလိုက်တာအားတက်​စေတယ်

    ReplyDelete
  3. ငါတော်လှန်ရေးလုပ်တယ်
    ငါမွေးထားတဲ့ သမီးလေးရဲ့အနာဂတ်အတွက်

    ReplyDelete
  4. ကြယ်​တွေ​ကြွေမှ RIP လုပ်ရုံနဲ့
    တာဝန်​ကျေပြီထင်​နေရ​အောင်
    အာသာ​ပြေ​တော်လှန်​ရေးလုပ်​နေတာမဟုတ်ဘူး

    ReplyDelete
  5. အဓမ္မအုပ်ချုပ်​နေတဲ့ ခွေး​တွေအမြန်မျိုးပြုတ်မှ
    တိုင်းပြည်ပြန်လည်​အေးချမ်းမယ်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...