Wednesday, February 23, 2022


ကဗျာဆရာသေဆုံးခြင်း

_____________________
                                      ​ဏေမျိုး​ဇော်

ပါးနမ်းလို့ရတယ်
ခေါင်းရိုက်ခွဲလိုက်လို့လဲရတယ်
ကမ္ဘာဟာ ကဗျာဆရာတစ်ယောက်ကို
နာနာကျင်ကျင်လွှတ်ချပစ်လိုက်တယ်
ပန်းသီးတစ်လုံးကြွေကျတာလောက်တောင်
စောက်ဖက်လုပ်မခံခဲ့ရဘူး
ဒါစစ်အစိုးရရဲ့သားအိမ်ပျက်ထဲက
ရာသီလာသလို တစက်စက်ကျနေတဲ့အော်သံတွေ
*ကံကောင်းလို့ဘုရင်ဖြစ်သွားတဲ့ကောင်တွေရှိတယ်
ကံကောင်းလို့ကဗျာဆရာဖြစ်သွားတဲ့ကောင်တစ်ကောင်မှမရှိဘူး*
မှတ်ထားလိုက်စမ်း
မှတ်ထားလိုက်စမ်း
မှတ်ထားလိုက်ကြစမ်းပါ 

ဗုံးတစ်လုံးလို အချိန်မရွေးပေါက်ကွဲလွယ်တယ်
ရိုးသားတယ်။အထီးကျန်ဆန်တယ်။မေ ကိုချစ်တယ်
ဒါနာကျင်မူနဲ့မူးနေခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ပါ
ဒါအနက်ရောင်အပြားချပ်တွေပေါ်
ရေးခြစ်လိုက်တဲ့ အဖြူရောင်စာလုံးတွေပါ
ဒါအနမ်းတွေနဲ့ဖြတ်ချခံခဲ့ရတဲ့ စက္ကူစွန်ကလေးပါ
ဒါအခန်းတံခါးပိတ် စွေးနေရတဲ့ကဗျာတစ်ပုဒ်ပါ 

လက်သီးနဲ့အထိုးခံလိုက်ရတာပဲ မနာပဲရှိမလား
ငါတို့ချက်ကောင်းကိုထိတာပဲ မလွမ်းပဲနေမလား 

ဟော 
လူတစ်အုပ်လမ်းဘေးအဝါရောင်ဆိုင်လေထဲကို
ဝင်လာနေကြပြီ 
လက်ထဲမှာ ပုံတူပန်းချီတွေကိုင်လို့
ဇက်ကျိုးသွားတဲ့တိုက်ကြက်တွေလိုခေါင်းငိုက်စိုက်ကျလို့
တစ်ယောက်မျက်နှာတစ်ယောက်မကြည့်ဝံ့တော့လို့
ခွက်ခနဲ့တိုက်ချလိုက်တဲ့ အရက်ခွက်ဟာ
''အထီးကျန်အော်ပရာ'' လို့ ထအော်တယ် 

အဆင်မပြေတာတွေများခဲ့တော့
အဆင်ပြေတာကိုက အဆင်မပြေတော့ဘူး 

တစ်ကိုယ်လုံးပန်းတွေဖုံးနေတဲ့ မိုဒီလျာနီကိုကြည့်ပြီး
ပီကာဆိုကပြောခဲ့ဖူးတယ်
သူဟာသူ့ဘဝကို လက်စားချေသွားတာပဲ တဲ့
                                        
ဏေမျိုး ဇော်
*သစ္စာနီ ကဗျာစာသား*

10 comments:

  1. အဆင်ပြေတယ်လိုမရှိပါဘူး..
    ပျော်တဲ့ချိန်တွေရှိပေမဲ့ ဟန်ဆောင်တဲ့အပျော်တွေဖစ်ကုန်
    တယ် မအလမကျဆုံးသ၍ငါတို့ဆက်သွားရအုံးမရ်။

    ReplyDelete
    Replies
    1. သဘောထားကြီးရမရ်..
      အမြင်ကျယ်ရမရ် ဆိုတာကိုလဲမမေ့ဖို့
      ဆင်ချင်ရပြန်တရ် ဆင်မပြေမှုတွေအားတင်းပီးပြုံးကြတာပေါ့ ဒီတွက်တနေ့တချိန်ရောင်နီလာမဲ့နေတွေကို
      အားတင်းရင်လျှောက်တာပေါ့ fighing together pr❤✅

      Delete
  2. ချစ်လှစွာသော

    လောကဓံတရားရေ...

    ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ 

    ချစ်နေရပါတယ် ။


    -မောင်ချောနွယ်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...