Wednesday, February 23, 2022




နေ့စဉ် 
စိတ်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုတွေနဲ့
နေ့စဉ် 
ရုပ်ပိုင်းဆိုင်ရာ နောက်ကျောမလုံခြုံရမှုတွေနဲ့ 

ပျော်ရွှင်ခြင်းတွေ တဆစ်ဆစ် အက်ကွဲနေတယ်
မီးဆေးခံဘဝတွေ တဖျစ်ဖျစ် ကွဲအက်နေတယ် 

ငါတို့မှာ 
အဲဒီလို 
အရသာမရှိတာတွေကို အရသာရှိသယောင်
ဟန်ဆောင်ရယ်မောခဲ့ရသောခုနှစ်များ 

ငါတို့မှာ
အဲဒီလို
ကိုယ်ချင်းစာစိတ်ဟောက်ပက်မိန့်ခွန်းတွေကို
ပုခုံးတွန့်လက်ခုပ်တီးရင်း 
ဟန်ဆောင်အရသာရှိပြခဲ့ရခြင်းများ ..။
                    
 ကိုသျှား  ( #နိုင်ငံ​တော်ပြဇာတ်)
#Poemforyou

9 comments:

  1. Even though the war was known to be bitter, the system was fought knowing it was wrong.

    ............♥Htet............

    ReplyDelete
  2. Replies
    1. သေနတ်နစ်ခါ ချိန်ခံရဖူတရ်း..
      ထင်းရစိုင်းနေတဲ့ မအလတွေ..
      အသွားလာဂရုစိုက်ပါခင်ဗျား

      Delete
  3. ဟန်​ဆောင်​ပျော်ရွှင်လို့လည်း မရ

    ReplyDelete
  4. မ​​ပျော်ခဲ့တာကြာပါပြီ

    ReplyDelete
  5. "ငါသေ သွားခဲ့လို့ ရှိရင်

    ငါ့ရဲ့ သင်္ချိုင်းဂူမှာ...
    ကြက်ခြေခတ်တစ်ခုကိုသာ မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။

    တကယ်တော့ အဲဒါဟာ ငါသိသမျှ
    လောကဓမ္မကို အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။"

    -တာရာမင်းဝေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...