ထားဝယ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများပေးပို့လိုက်တဲ့ လူထုအပေါ်မေတ္တာရပ်ခံချက်
၁။ ယနေ့ဟာ ငြိမ်းချမ်းစွာဖြင့် ဖက်ဒရယ်ဒီမိုကရေစီအရေးတောင်းဆိုကြသည့် ထားဝယ်လူထုသပိတ်ကို စစ်အာဏာရှင် ဖက်ဆစ်စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ဖြိုခွင်းမှူပြုလုပ်ခဲ့သည့် တနှစ်ပြည့်နေ့ဖြစ်သည်။
၂။ ၂၀၂၁၊ဖေဖော်ဝါရီ ၂၈ရက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း ထားဝယ်မြို့မှ ကိုလွင်လွင်ဦး၊ ဂျွမ်မာခမ်းနှင့် ရေဖြူမြို့နယ်မှ ကိုနော်ငို နှင့်လောင်းလုံမြို့နယ်မှ ကိုဗညားတို့သွေးမြေကျခဲ့ပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။
၃။ နောက်ပိုင်းတွင်ဖက်ဆစ်စစ်ကောင်စီသည် ထားဝယ်ခရိုင်အတွင်းသပိတ်လှုပ်ရှားမှုများနှင့် လူထုအပေါ် နည်းအမျိုးမျိုးဖြင့်ပြင်းပြင်းထန်ထန် ဖြိုခွင်းခြင်းသတ်ဖြတ်ဖိနှိပ်ခြင်းများကို ယနေ့အချိန်အထိ ကျူးလွန်ယုတ်မာနေဆဲဖြစ်သည်။
၄။ ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထားဝယ်လူထုကြီးတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်အဆုံးသတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားပါမည်ဟု ကျဆုံးသွားသည့် ရဲဘော်များ နှင့် ကျန်ရစ်သူမိသားစုဝင်များအား တိုင်တည်သစ္စာပြုပါသည်။
၅။ ပြည်သူလူထုကြီးတစ်ရပ်လုံးအနေဖြင့်လည်း တော်လှန်ရေးအပေါ်သွေးမအေးပဲ ဖက်ဆစ်စစ်တပ်အမြစ်ပြတ်သည်အထိ ဒုက္ခအမျိုးမျိုးကို ရင်စည်းခံ၍ တော်လှန်ရေးကြီးပြီပြတ်သည်အထိ အလံမလဲစတမ်း တော်လှန်တိုက်ပွဲဝင်ပေးကြပါရန် ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများက မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။
အရေးတော်ပုံ အောင်ကိုအောင်ရမည်
ထားဝယ်အကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားများ
GoodNight Par
ReplyDeleteDone
ReplyDeleteDone
ReplyDeletefb28 ထားဝယ်သွေးမြေကျတဲ့နေ့
ReplyDeleteဘယ်တော့မှ မမေ့ ငါတို့နိင်မှလွှတ်မဲ့သူနဲ့ ကျွတ်မဲ့သူတွေအတွက်ဘယ်တော့မှ သွေးမအေး။
done
ReplyDeleteGood night and Sweet dreams ✌️🍀
ReplyDelete(ဖိုးသခွား အန်း အောကလစ်ကာ) ❤️❤️❤️
ငါတို့နိုင်မှ လွတ်မယ့်သူတွေ၊
ReplyDeleteငါတို့နိုင်မှ ကျွတ်မယ့်သူတွေအတွက်
ထောက်ပို့clickerတပ်သားတို့ရေ
အရှိန်မြှင့်ကူကြစို့..✊
Fighting
ReplyDeleteAll done pr
ReplyDelete🍍💄💪
ReplyDelete