Monday, February 28, 2022

ကိုယ့်ဒေါင့်ချိုးထဲမှာကိုယ် နေထိုင်ပါတယ်။
ကိုယ့်စိတ်ကို တနည်းနည်းနဲ့
အနှောက်ယှက် လာပေးသူတွေကို ရှောင်ပါတယ်။
ထင်ချင်သလိုထင်လို့ ရပါတယ်။
ထင်တဲ့သူတွေဟာလည်း
လူကောင်းသူကောင်းတွေဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အဲဒါဟာ ကျွန်တော်နဲ့မဆိုင်ပါဘူး။
ဘာလို့လည်းဆိုတော့
လူကောင်းသူကောင်းတွေတိုင်းဟာ
ကိုယ်နဲ့အဆင်ပြေမယ်လို့ ဘယ်သူကမှ အာမ မခံပါဘူး။
ကျွန်တော်ဘက်ကလည်း အာမ မခံပါဘူး။
ကျွန်တော်ကလည်း သူတို့အတွက်
လူကောင်းသူကောင်းတစ်ယောက် ဖြစ်မနေချင်ပါဘူး။
အချိန်မရွေး တစ်ခုခုဖြစ်သွားနိုင်ပါတယ်။

- ကြည်ဇော်အေး

13 comments:

  1. click4Tanintharyi.com


    ဒါလေးကူးပြီး Browser ထဲရှာကြည့်ပါတဲ့

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ အစ်ကို
      ဂျူးကြည့်ပေးမယ်နော်

      Delete
    2. This comment has been removed by the author.

      Delete
    3. kifuu ကိုအမြဲဝင်ပေးတရ်နော်��
      click4tanintaryi.comကိုလဲကူဝင်ပေးဦး
      D(^^)

      Delete
    4. Kifuuu.com ကို ဝင်ပေးလို့ကျေးဇူးတင်ပါတယ် ❤️❤️❤️
      CLICK 4 Tanintaryi ကိုလည်း ကလစ်ကူပေးပါတယ်

      Delete
    5. we r together
      help one other❤✅

      Delete
  2. People always have to choose the middle way, you can not do everything alone and then  you can  rely on others,
    It starts and ends with everything,You have to shape the world you live in.
    So do not criticize those who do what you can do: The path to moderation is beautiful.
    I am writing because I am bored😜😜
    I love all Admin & Clickers😘😘😘♥

    ........................♥Htet.....................

    ReplyDelete
  3. Good night and Sweet dreams ✌️🍀

    ReplyDelete
  4. --- အလှဆုံးခေတ် ---

    အကျဉ်းကျနေတဲ့ နေရောင်အောက်မှာ
    အသက်ရှူရတာကအစ မလွတ်လပ်

    လေဟာ မောပမ်း
    မြေဟာ နွမ်းနယ်

    ဝေးကွာခြင်းဟာ
    မီးရထားသံလမ်းများကို
    အရည်ပျော်ကျသွားစေတယ်

    စစ်ကြီးပြီးရင်
    ခန်းစီးအသစ်တွေလဲကြမယ်

    ပျော်စရာကောင်းတဲ့
    ဖျော်ရည်တွေသောက်ကြမယ်

    ဘုရားစင်ပေါ်မှာ
    အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

    တောင်းရမယ့်ဆုက
    ချစ်သူများသာ အဓွန့်ရှည်ပါစေ။

    - ကြည်ဇော်အေး

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...