မေရီ -၃
ကော်ဖီရဲ့ ခါးသက်မှုဟာ
ဘဝနဲ့ယှဉ်ရင် အမှုန်အမွှားမျှသာဖြစ်ကြောင်း
သိုးမွှေးချည်မျှင်တွေကြားထဲက
မေရီ့လက်ဆစ်ကလေးတွေက ပြောနေကြတယ်
ဘဝကို ကိုယ့်သဘောကျ
ချုံ့လို့ချဲ့လို့ မရတာကိုတော့
မေရီ အနည်းငယ်ဝမ်းနည်းမိတယ်
ပေါင်မုန့်အသိုးနဲ့တူတဲ့ လူတွေ ပေါ်လာတော့
ဖွင့်ထားတဲ့ tv channel ကို ပိတ်လိုက်တယ်
အချိန်နဲ့ဒီရေက လူကိုမစောင့်လည်း
ငွေရှိရင်တော့ တရားကလူကိုစောင့်တတ်ကြောင်း
မေရီ သိထားတယ်
ကျွတ်သွားတဲ့ ဆံမျှင်ဟောင်းတွေကြား
သေနတ်ဒဏ်ရာနဲ့ သူ့အမျိုးသားရဲ့မျက်လုံးတွေကို
မကြာခဏ မေရီ ပြန်တွေ့နေရတယ်
ဘုရားသခင်နဲ့သာ တိုက်ရိုက်စကားပြောခွင့်ရမယ်ဆို
အာလူးစားကြတဲ့သူအချင်းချင်း
မြေနိမ့်ရာကိုရွေးပြီးလှံစိုက်နေတာကို တားမြစ်ပေးဖို့
မေရီ တောင်းဆိုချင်ပါတယ်
ဒီတစ်ပတ် စစ်ဘေးရှောင်စခန်းကိုသွားတဲ့အခါ
ကလေးတွေကို
စင်ဒရဲလားပုံပြင်မပြောဘဲ
မင်ဒဲလားအကြောင်းပြောပြဖို့လည်း
မေရီ စိတ်ကူးထားပါတယ် ။
#ပိုပိုဖီးနစ်
we must win
ReplyDeletedone 💙
ReplyDeletegood night
ReplyDeletedone
ReplyDeleteအားလုံးသော ဓမ္မဘက်တော်သားများ ဘေးကင်းကြပါစေ။ အောင်ပွဲအဖြာဖြာရရှိကြပါစေ။
ReplyDeleteDone ❤️
ReplyDeleteDone🦋
ReplyDeletedone
ReplyDelete