အရင်ကထင်ခဲ့တယ် ၊
ကိုယ်ကအရင်ပျက်မယ် ၊ ကမ္ဘာကြီးက ကိုယ့်နောက်မှပျက်မယ်လို့ ၊
ခုတော့ ကမ္ဘာကြီးကအရင်ပျက်နှင့်ပီ .. ။
ဪ ..
ကိုယ့်အိပ်မက်ဆီမရောက်ပဲ သေဆုံးခဲ့ရတဲ့သူတွေကို ဒီနှစ်တွေမှာ ကျွန်တော်တို့ အများကြီး မြင်ခဲ့ရတာပဲ ။
အခုဆို ဒီနိုင်ငံတင်မက ၊ တစ်ကမ္ဘာလုံးမှာပါ ဒီလိုလူတွေ အများကြီးတိုးဖြစ်လာတော့မယ် ။
ပြန်တွေးကြည့်တော့လဲ ၊ သက်တမ်းတွေဟာ တိုလွန်းပါတယ် ။
အခုအချိန်ဟာ မသေခင် လုပ်ကြည့်ချင်တဲ့အရာလေးတွေကို List စုထားဖို့တော့ အချိန်ကောင်းပဲ ။
ဘယ်အရာမှ သိပ်တိကျနေတော့တာ မဟုတ်တော့ ၊ ကိုယ်လဲ ဒီအခြေအနေကြီးတွေကြားထဲ ကိုယ့်အိပ်မက်ဆီ မရောက်ခဲ့နိုင်တဲ့လူ ဖြစ်သွားနိုင်တာပဲ ။
အိပ်မက်တွေကို အကောင်အထည်ဖော်ကြည့် ၊
ကိုယ်လုပ်ချင်တာလေးတွေ ချရေးကြည့် .. လက်တွေ့လုပ်ကြည့် ၊
တွေ့ဆုံချင်တဲ့လူတွေနဲ့ သွားတွေ့ကြည့် ၊
ချစ်ရတဲ့သူတွေကို ရဲရဲဝံ့ဝံ့၀န်ခံတာမျိုး ၊
အဝေးတနေရာက သံယောဇဉ်လေးတွေဆီ ဖုန်းဆက်သွယ်တာမျိုး ၊
ကောင်းကင်ပြာကြီးကို မော့ကြည့်ရင်း ..
နေကြာရိုင်းလေးတွေကို ငေးမောရင်း ..
လက်ရာမကောင်းတဲ့ ကော်ဖီပူပူလေးတခွက် ဖျော်သောက်ရင်း ..
လောကကြီးရဲ့အလှတရားကို အပြည့်အ၀ ခံစားထားတာမျိုး ။
မှားတာရှိခဲ့ရင် တောင်းပန်ထားလိုက် ၊
ခွင့်မလွှတ်ရသေးတဲ့လူတွေအပေါ် ခွင့်လွှတ်လိုက် ၊
မေ့မရသေးတဲ့ အချစ်ကြိုးလေးတွေရှိခဲ့ရင် ဆက်သွယ်လိုက် .. ။
ကမ္ဘာကြီးက ကျန်းမာရေးမကောင်းတော့တာမို့ ၊
တစ်ချိန်ချိန်မှာ နှုတ်ဆက်ခဲ့ရရင် ၊ မေတ္တာဖြစ်ဖြစ် အမှတ်တရဖြစ်ဖြစ် တခုခုယူသွားနိုင်အောင်တော့ လုပ်ကြဗျာ .. ။
- လှသန်း
This comment has been removed by the author.
ReplyDelete“မင်းမှားခဲ့တယ် ကမ္ဘာ”
ReplyDelete•••••••••••••••••••••
ကမ္ဘာဟာ
စာနာတရားကို ကောင်းစွာ သင်ကြားမပေးနိုင်ခဲ့ဘူး
ပညာတတ်တွေပဲ မွေးထုတ်တယ်လို့ အယောင်ပြနေတာ
ကိုယ်ချင်းစာတရားမှ ထည့်မပေးနိုင်ခဲ့တာ…
ကမ္ဘာဟာ
ရှေ့တိုးမလိုလိုနဲ့ ကမ္ဘာဦးကို ပြန်သွားနေတယ်...
တကယ်တော့ လူတွေမမှားကြဘူး
လူယုတ်မာတွေကို မသုတ်သင်ခဲ့တဲ့ ကမ္ဘာက မှားတာ…
ဒါမှမဟုတ်
အချိန်မီမပြင်နိုင်ရင်
ကမ္ဘာဟာ သူ့အမှားအတွက် ကမ္ဘာဦး ပြန်ခေါ်နေပုံပဲ …။
ဆြာ ချစ်
done
ReplyDeleteDone
ReplyDelete👍👍👍
ReplyDeleteDone
ReplyDelete-- နွေ အော် သံ --
ReplyDeleteက မ္ဘာ မ ကြေ ဘူး
မြန် မာ နွေ ဦး ရဲ့ အော် သံ ။
ည ည ဆို
အ ဓ မ္မ ကို အ လောင်း လုပ်
မောင်း ထုတ် ဆူ ညံ။
သွေး စွန်း လို့ အ သေ ခံ
အ မှန် တွက် အ သက် ပေး။
ထက် ယံ ဝေ လက် ပံ ကြွေ
မ သေ ဘူး
နွေ ဦး ရဲ့ တေး ။
- မောင်စိန်ဝင်း(ပုတီးကုန်း)
💪💪
ReplyDelete:D ✌️🍀
ReplyDelete