Saturday, February 19, 2022



အတ္တမိတ်တူ

‌အရင်က
‌သေရမှာကြောက်လို့
‌ရှောင်ရတာများလှပါပြီလို့ ညည်းခဲ့
‌အခုတော့
‌ရှောင်ရမှာခက်လို့
‌သေရမှာကို ထည့်မတွက်တော့ပါဘူး
‌ကိုယ့်ကဗျာက
‌မဂ္ဂါဝပ် ဘယ်လောက်ထွက်မှာလဲ
‌ကိုယ့်ကဗျာဖတ်သူတွေ
‌ဘောလုံးတစ်ကွင်းစာလောက် မရှိရင်နေပါစေ
‌ဘောလုံးတစ်သင်းစာလောက် ရှိရင်တော်ပါပြီ
‌မျက်နှာပြောင်တယ်ပဲပြောပြော
‌ဒီဘဝမှာ
‌အဘဘိုးမင်းခေါင်လောက်တော့
‌အောင်မြင်ချင်ပါတယ် ။              ။
‌လှသန်း

18 comments:

  1. မတရားမှုကို အဆုံးသတ်မပစ်ဘဲ
    အလိုက်သင့် ​နေထိုင်ရင်းနဲ့
    ပါးစပ်က​နေ ​ပြော​နေရုံဆိုရင်
    ကိုယ်တိုင် မတရားမှုမှာ ပါဝင်​နေတဲ့သ​ဘောပါပဲ။
    သူတို့ကို ဆန့်ကျင်တဲ့သူဟာ
    သမိုင်းဖြစ်လာတာပါပဲ။
       
                                     RAATCHASI
                               (အိန္ဒိယရုပ်ရှင် 2019)         

    ReplyDelete
  2. အားလုံးပဲ အားတင်းထားကြပါ

    ReplyDelete
  3. အမှန်တရားကသာ အနိုင်ရစမြဲပါ

    ReplyDelete
  4. အဘဘိုးမင်းခေါင်လဲမကယ်တင်နိုင်တော့ဘူး

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...