Saturday, February 19, 2022

ထောင်ဝင်စာ

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ကောင်းကင်တနန်း
ကျောင်းသင်္ခမ်းမှာ
ဒေါင်းအဆင်ဆန်းတွေနဲ့
ပဝါအလံ ထူရမယ်။

တုတ်ရရ၊ ခဲရရ
လှံရရ၊ ဓားရရ
ရသမျှနဲ့
တရားမမျှတတဲ့
နအဖကို
ထထကြွကြွ
'ချဟ … ချဟ' လို့
ရှုတ်ချကြ ဖြတ်ချရမယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

အတိတ်ပုံလွှာ
ရာဇဝင်မှာ
'အင်္ဂလိပ်အခက်၊ ဗမာအချက်' တဲ့
နမိတ်ကြုံလာ
မကြာခင်ဟာ
နအဖအခက် ပြည်သူ့အချက် ပေါ့
သပိတ်အစုံမှာ
သူပုန်ထရမယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

သံဃာတွေ၊ ကျောင်းသားတွေ
ပြည်သူတွေက်ို
ငပေငတေစိတ်နဲ့
မသေတသေ ပိတ်ပြီး
အသေအကျေ နှိပ်တဲ့
ကလေကချေ ပလိပ် သန်းရွှေ
အသံလွင့်သွားအောင်
အထွေထွေ သပိတ်စခန်းတွေ
အမြန်ဖွင့်ထားရမယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဒဏ်ရာစိုစို
ခန္ဓာကိုယ်မှာ
ညိုပုပ်ရောင်ရမ်းပစေ
မငိုမလှုပ်
မပြိုမဆုတ်နဲ့
ဗိုလ်ချုပ်အောင်ဆန်းတွေ မွေးရမယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

စစ်ကျွန်
ခေတ်အလွန်မှာ
နွံနစ်နေတဲ့
မြစ်ကိုလည်း သွန်ပစ်ရမယ်
သွန်တဲ့အထဲ
လက်ကိုင်တုတ် စစ်သားနဲ့ ရဲ
ထောင်ဝန်ထမ်းတွေလည်း ပါတယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ကြံ့ဖွတ်တွေ
လန့်ကျွတ်နေအောင်
အမြဲကြိမ်းမောင်းပြီး
စွမ်းအားရှင်တွေ
လမ်းသလားရင်လေ
အမြဲ ဗိန်းမောင်းတီး
တောထုတ်နေရမယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဘုရားရုပ်တု ဖြိုတဲ့
အာဖဂန်တွေ တာလီဘန်တွေ
ဘုရားရိုက်လို့ သေတယ်
မြန်မာပြည်က
သံဃာသတ်တဲ့ ငနွားသန်းရွှေ
ဘုရားလည်းရိုက်
ပြည်သူလည်း ရိုက်လို့ သေရမယ်။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဘယ်ကလေး မေးမေး
သွေးကြွေးမှာ ဆွေးနွေးစရာ
အကြောင်းမရှိ
ဒေါင်းအမိ သိပါစေ။

မောင်ရေ…
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

#အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
၅၊ ၁၀၊ ၂၀၀၇

18 comments:

  1. မတရားမှုကို အဆုံးသတ်မပစ်ဘဲ
    အလိုက်သင့် ​နေထိုင်ရင်းနဲ့
    ပါးစပ်က​နေ ​ပြော​နေရုံဆိုရင်
    ကိုယ်တိုင် မတရားမှုမှာ ပါဝင်​နေတဲ့သ​ဘောပါပဲ။
    သူတို့ကို ဆန့်ကျင်တဲ့သူဟာ
    သမိုင်းဖြစ်လာတာပါပဲ။
       
                                     RAATCHASI
                               (အိန္ဒိယရုပ်ရှင် 2019)         

    ReplyDelete
  2. နံရံကိုခေါင်းနဲ့မတိုက်နဲ့တဲ့
    ငါတို့ကားနိင်လိုစိတ်ဖြင့်တိုက်၏
    အာဏာရှင်တံတိုင်းဗုန်းဗုန်းလဲပါစေ။
    ###

    ReplyDelete
    Replies
    1. ဒီအဖစ်ပျက်နဲ့သူငယ်ချင်းတယောက်ရှိတယ်
      သူက စိတ်နဲ့မံနဲ့နံရံကိုလက်သီးနဲ့ထိုးတရ်..
      အေငါထိုးတော့ငါတယောက်ပဲ့လက်နာတရ် မင်းတို့အားနဲ့ဝိုင်းတွန်းကူးရင် ဒီနံရံက လဲကျသွားမှာပဲ့
      ငါတယောက်တည်းဆိုငါလက်နာမရ် မင်းတို့အားနဲ့ကူးကျတော့ငါလက်မနာတော့သလို စုပေါင်းအားနဲ့ဆိုတွန်းလိုက်ရုံနဲ့ ပြိုကျသွားမှာပေါ့လို့
      သူလဲသူယုံကြည်ရာ လက်နက်ကိုင်လမ်းစဥ်ရွေးသွားပီ
      ကိုယ်ရွေးချယ်ရာရွေးချယ် click@supportလဲနိင်သလောက်ထက်ပိုကူပိုထောက်ပံ့ကြတာပေါ့💪🏻

      Delete
  3. လောကမှာလူရယ်လို့ဖြစ်လာရင်ပြဿနာကအမြဲတမ်းရှိတယ်တဲ့အဲတာကပြဿနာမဟုတ်ပဲ
    အဲပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကမှ ပြဿနာအစစ်တဲ့ .............
    အမစေုစကား..........

    ငါတို့်တိုင်းပြည်ခုတော့ပြဿနာတက်နေတယ်ပေါ့.........

    အဲပြဿနာကို... ငါတို့ဘယ်လိုဖြေရှင်းကျမလဲဆိုတာကပြဿနာအစစ်............

    အခုငါတို့အားလုံးဝိုင်းပြီးအဲပြဿနာကိုဖြေရှင်းနေတာကျတယ် လူကြီးလူငယ် အားလုံးပါပဲ.......

    ဒါကြောင့်နူကြီးက ဘာဖြစ်တယ် ဘယ်သူက ဘာဖြစ်တယ် လုပ်မနေကျပဲ ကိုယ်လုပ်နိုင်တဲ့ဖက်က အကောင်းဆုံးလုပ်.......

    အောင်ပွဲက ငါတို့အတွက်ပဲ.........

    ...............♥Htet....................

    ReplyDelete
    Replies
    1. ​ပြောရရင် လက်တွေ့ဆန်ဖို့လိုတာပေါ့ လေနဲ့ပဲ့ မတော်လှန်ကြဘဲ

      Delete
  4. တနိုင်ငံလုံး ထောင်ထဲမှာ✊

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...