Sunday, February 20, 2022



သူငယ်ချင်းရေ.... 

ပန်းတိုင်ရောက်အောင်သွားဖို့ပဲ ငါတို့ စိတ်​တွေကို ဦးညွှတ်ထားရပါမယ်။ 

သွားရမယ့်လမ်းတွေ ...
လျှောက်ရမယ့်ခရီးတွေ...
ပေါင်းသင်းရမယ့် လူတွေ...
တွေ့ကြုံရမယ့် အခက်အခဲတွေ... 
ရင်ဆိုင်ရမယ့်ပြသနာတွေက များတယ်။ 

ဒီတော်လှန်ရေးက စိတ်ခံစားမှုများနဲ့တည်ဆောက်လို့မရပါဘူး။ 

အာဏာရှင်က အရာရာ အသာစီးမှာ ရှိနေတဲ့အတွက်
ကိုယ်ဖက်က အစီးပြေလို့ မရပါဘူး။ 

ချန်ပီယံကိုထိုးရမှာ ဖြစ်တဲ့အတွက် ကိုယ့်ဖက်က သက်လုံကောင်းဖို့၊ နည်းစနစ်ပိုင်ဖို့၊ အမျှော်အမြင်ရှိဖို့၊ ရန်သူ့အားနည်းချက်ကိုသိဖို့.....လိုတယ်သူငယ်ချင်း။ 

အစရှိသော စနစ်တကျရှိမှုတွေနဲ့ ကြိုတင်ပြင်ဆင်ပြီးအကွက်ကျကျ ပြိုင်ပွဲဝင်မှသာ ရန်သူကို အလဲထိုးနိုင်မှာဖြစ်ပါတယ်။ 

Online ပေါ်ကနေ တိုက်လို့၊ အော်လို့၊ ဆဲလို့
တော်လှန်ရေးက မပြီးပါဘူး။ 

Online တိုက်ပွဲတွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေကလည်း လိုအပ်သလောက် လိုအပ်တယ်။ အရေးလည်းကြီးတယ်။ 

ဒီထက်ပိုအရေးကြီးတာက မြေပြင်က လက်တွေ့ဆန်တဲ့ တိုက်ပွဲနဲ့ လက်တွေ့ဆန်တဲ့ ဘဝတွေ ဖြစ်တယ်။ 

ရှူးရှဲလဖက် (၁) ထုတ်ကို အလယ်က ကပ်ကြေးနဲ့ကိုက်ပြီး ရဲဘော်သူငယ်ချင်းတွေ အတူတူစားပြီး တိုက်ပွဲဝင်နေရတာ လက်တွေ့ဘဝ၊ လက်ရှိဘဝ ဖြစ်ပါတယ်။ 

သဘောထားကွဲချင်သလောက်ကွဲ စိတ်ဝမ်းကွဲလို့မရပါဘူး။ 

အားလုံးမှာလိုအပ်ချက် အားနည်းချက်ရှိတဲ့သူတွေချည်းဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အမှန်လို့တွေးထင်ပြီး စိတ်လိုက်မာန်ပါ လုပ်တာတွေကို ဖြစ်သင့် မဖြစ်သင့်၊ ပြောသင့် မပြောသင့်၊ လုပ်သင့် မလုပ်သင့်
စဥ်းစာကြပြီး မှန်ကန်စနစ်ကျတဲ့ရွေးချယ်မှုတွေနဲ့ရှေ့ဆက်မှ လိုရာခရီးကို ရောက်မှာ ဖြစ်တယ်။ 

အာဏာရှင်က နှစ်ရှည်လများ တည်ဆောက်ထားတဲ့အဖွဲ့ကို ငါတို့တွေက စည်းလုံးမှု အင်အားနဲ့ တိုက်မှ လိုရာပန်းတိုင်ကို ရောက်မှာ ဖြစ်တယ် သူငယ်ချင်း။ 

ဒါလေးတွေ ငါတို့တွေ သတိချပ်နိုင်ဖို့ သူငယ်ချင်းဆီ ဒီပေးစာလေး ရေးပြီး ပို့လိုက်ပါတယ်။ 

အရေးတော်ပုံအောင်ရမည်။ 

©အညာခွပ်ဒေါင်းနီ
#thevoiceofspring #opinion

9 comments:

  1. ဒီတလောသတင်းဆိုးတွေများတယ်နော်clickersတို့ရေ... ပိုပြီကြိုးစားကလစ်ကျမယ်
    မိုးဗြဲ ကိစ္စ ဖြစ်ပြီးတည်းက လူကစိတ်နာလန်မထူတော့ဘူးရယ်........

    အဲလိုသတင်းဆိုးမျိုးတွေထပ်မကြားရပါစေနဲ့🙏🙏🙏

    ဆုလေးတစ်ခုတောင်းခွင့်ပြုမယ်ဆိုရင် မအလရေ...ကျေးဇူးပြုပြီးသေပေးပါတော့....😡

    ..............♥Htet......................

    ReplyDelete
  2. အဆိုးအတူကောင်းအတူပေါ့သူငယ်ချင်း..
    တနေ့တချိန်မသေသ၍ငါတို့ပြန်ဆုံကြမှာပါ..

    ReplyDelete
  3. ကြယ်​တွေ​ကြွေမှ RIP လုပ်ရုံနဲ့
    တာဝန်​ကျေပြီထင်​နေရ​အောင်
    အာသာ​ပြေ​တော်လှန်​ရေးလုပ်​နေတာမဟုတ်ဘူး

    ReplyDelete
  4. လူတိုင်းပါဝင်နိုင်ပါမှ မြန်မြန်​အောင်မယ့်တော်လှန်ရေး

    ReplyDelete
  5. အမှန်တရားဘက်တော်သားတွေအားလုံး ဘေးကင်းအောင်မြင်ကြပါစေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...