"ပြန်လည်စုရုံး နှစ်ခြောက်လုံး"
"ကျေးလက်ပုန်ကန် မြို့ပြဖီဆန်"
Silent strikeတို့ စည်ကားသပိတ်တို့စတဲ့
လူထုလှုပ်ရှားမှုနှိုးဆော်ချက်တွေအတွက်
နည်းလမ်းတွေကို စဉ်းစားစီစဉ်ကြသူတွေဟာ
မြေပြင်မှာ နေ့စဉ်လိုလို သပိတ်မှောက်ဆန္ဒပြနေကြတဲ့
လူငယ်လေးတွေအဓိကပါဝင်ပါတယ်။ သူတို့တွေကိုယ်တိုင်ကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုအန္တရာယ်တွေကြားမှာ အသက်ရောဘဝပါရင်းပြီး အရဲစွန့်လမ်းထွက်နေကြပေမယ့် ပြည်သူလူထုကို ပါဝင်ဖို့နှိုးဆော်မယ်ဆိုရင်
ပြည်သူထိခိုက်မှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ silent strike ဆိုရင်လည်း လူတိုင်းနီးပါး အန္တရာယ်အနည်းဆုံးနဲ့ ပါဝင်နိုင်အောင်ဆိုပြီး သူတို့တွေ လမ်းပေါ်ထွက်ဖို့လိုအပ်တဲ့ရက်တွေမှာတောင် လူထုမထိခိုက်ဖို့ ဦးစားပေးစိတ်နဲ့ လုပ်ခဲ့ကြပါတယ်။
အခုလည်း ၂၂.၂.၂၀၂၂ နှစ်ခြောက်လုံးနေ့မှာ လူထုတရပ်လုံးပါဝင်နိုင်မယ့် လှုပ်ရှားမှုအဖြစ် "စည်ကားသပိတ်" ရယ်လို့ နှိုးဆော်ကြပြန်ပါတယ်။
လူထုကို စစ်ကောင်စီက လက်ဖျားနဲ့ထိတာတောင် မခံစေချင်ကြတဲ့ သပိတ်ခေါင်းဆောင်လူငယ်တွေက "စည်ကားသပိတ်"မှာ တိုက်တွန်းတဲ့ နည်းလမ်းက ကိုယ့်မြို့ကိုယ့်ရွာရဲ့ စည်ကားတဲ့နေရာတွေမှာ ပြည်သူတွေ အင်နဲ့အားနဲ့ သွားလာပေးကြဖို့လေးပဲ တောင်းဆိုပါတယ်။
ဒီလိုစည်ကားသပိတ်မှာပါဝင်တဲ့အခါ တတ်နိုင်မယ်ဆိုရင်
(၁) ဦးထုပ်/ခမောက်တွေဆောင်းပြီး သွားလာကြဖို့
(၂) မျက်နှာမှာ သနပ်ခါးလိမ်းပြီး သွားလာကြဖို့
(၃) အဆင်ပြေရင် ပန်းပွင့် ပန်းစည်းလေးကိုင်ပြီး သွားလာကြဖို့ (ဒီထက်အဆင်ပြေရင် စာရွက်တရွက်ပေါ် ကြွေးကြော်သံလေးတခုရေးပြီ ပန်းပွင့်တွေနဲ့အတူ ကြဲချခဲ့ဖို့)
(၄) ကိုယ်ရောက်နေတဲ့နေရာက လုံခြုံရေး အခြေအနေပေးရင် လက်၃ချောင်းထောင် ကြွေးကြော်ကြဖို့
(၅) ည၈နာရီမှာ သံပုံးတွေတီးပေးကြဖို့
အဲဒါတွေကို အဆင်ပြေရင် အကုန်လုံးလုပ်ပြီး မပြေရင်လည်း နိုင်သလောက်လေးလုပ်ပေးကြဖို့ နှိုးဆော်ထားကြတာ တွေ့ရပါတယ်။
ဒီလို လူထုလှုပ်ရှားမှုနှိုးဆော်ချက်တွေကို ပြည်သူလူထုက အင်တိုက်အားတိုက် ပါဝင်ကြတယ်ဆိုရင် မြေပြင်မှာ စွန့်စားပြီး သပိတ်ထွက်နေကြတဲ့ လူငယ်တွေရော မြို့ပြပျောက်ကြား ရဲဘော်တွေရော တောထဲတောင်ထဲက လက်နက်ကိုင်လူငယ်တွေရောဟာ သူတို့အသက်တွေရင်းပြီး လှုပ်ရှားနေရတာကိုတောင်မေ့ပြီး အတိုင်းမသိပျော်ရွှင်ဝမ်းမြောက်ကြပါတယ်။ သူတို့အတွက် လူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ ဘယ်ဆရာဝန်ကမှ မပေးနိုင်တဲ့ ခွန်အားဖြည့်ဆေးကြီးပါပဲ။ ငါတို့ပြည်သူလူထုကြီးဟာ လူထုသပိတ်တွေမှာ နိုင်သမျှနည်းနဲ့ပါဝင်နေကြတာမို့ ငါတို့တွေ အသက်နဲ့ရင်းရတာတန်တယ်။ ငါတို့တွေ အဖမ်းခံထောင်ကျခံ နှိပ်စက်ခံရရင်တောင် ရဲရဲကြီး ရင်ကော့ခံလိုက်မယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ လမ်းမတွေ တောတောင်တွေထဲမှာ လူငယ်တွေက တိုက်ပွဲဆက်ဝင်နေကြတာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံလုံးကျွတ်လူထုသပိတ်တွေဟာ စကစကို တကြိမ်တည်းနဲ့ ဖြုတ်မချနိုင်သေးရင်တောင် တော်လှန်ပြည်သူလူထုအချင်းချင်း အထူးသဖြင့် အသက်နဲ့ရင်းတိုက်ပွဲဝင်နေကြရတဲ့ ရှေ့တန်းစစ်မျက်နှာပေါင်းစုံကလူငယ်ရဲဘော်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားနဲ့တက်ကြွမှုကို
မုချမသွေ ပေးစွမ်းနိုင်ပါတယ်။
ကဲ! ဒီလောက်ဆိုရင် တော်လှန်ရေး ရဲဘော်တွေ ပြည်သူတွေအတွက် ရှေ့ဆက်နိုင်မယ့်ခွန်အားတွေပေးဖို့ လူထုသပိတ်တွေမှာ တတ်နိုင်သလောက်ပါဝင်ဖို့ ဆုံးဖြတ်လိုက်သင့်ပြီ မဟုတ်လား။
၂၂.၂.၂၀၂၂ နှစ်ခြောက်လုံးနေ့မှာ လမ်းမတွေပေါ်ထွက်ခဲ့လိုက်ပါ
"စည်ကားသပိတ်"နဲ့အတူ နှစ်ခြောက်လုံးနေ့မှာ ပြန်လည်စုစည်းပြီး ရုန်းထလိုက်ကြရအောင်ပါ။ ✊✊✊
#GSCB
#WomenAllianceBurma
#နှစ်ခြောက်လုံး
#ပြန်လည်စုရုံးနှစ်ခြောက်လုံး
#စည်ကားသပိတ်
#အရေးတော်ပုံအောင်ရမည်
#သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး
#ဖက်ဒရယ်ပြည်ထောင်စုသို့_ရဲရဲချီ
#အာဏာရှင်စနစ်ဟူသမျှ_မုချကျရှုံးရမည်
ဒီတလောသတင်းဆိုးတွေများတယ်နော်clickersတို့ရေ... ပိုပြီကြိုးစားကလစ်ကျမယ်
ReplyDeleteမိုးဗြဲ ကိစ္စ ဖြစ်ပြီးတည်းက လူကစိတ်နာလန်မထူတော့ဘူးရယ်........
အဲလိုသတင်းဆိုးမျိုးတွေထပ်မကြားရပါစေနဲ့🙏🙏🙏
ဆုလေးတစ်ခုတောင်းခွင့်ပြုမယ်ဆိုရင် မအလရေ...ကျေးဇူးပြုပြီးသေပေးပါတော့....😡
..............♥Htet......................
✊��✊��✊��
ReplyDeleteကြယ်တွေကြွေမှ RIP လုပ်ရုံနဲ့
ReplyDeleteတာဝန်ကျေပြီထင်နေရအောင်
အာသာပြေတော်လှန်ရေးလုပ်နေတာမဟုတ်ဘူး
✅✅✅
DeleteGood Morning, Taninsarem!!!
ReplyDeleteဖက်ဆစ်စစ်တပ် အမြန်ဆုံးကျဆုံးပါစေ
ReplyDeletedone
ReplyDeletedone
ReplyDeleteDone
ReplyDeleteကြိုးစားမယ်👍💪🙏
ReplyDeleteဖီဆန်ကြမယ်။
ReplyDeleteDone
ReplyDelete