Wednesday, February 16, 2022


လူဆိုတာ
---------------

လူဆိုတာ
နှုတ်နဲ့ ဆုတောင်းနေရုံနဲ့လည်း မရဘူး
စိတ်နဲ့ ဆုတောင်းနေရုံနဲ့လည်း မရနိုင်ဘူး 
နှုတ်နဲ့ စိတ်နဲ့ ဆုတောင်းနေရုံနဲ့ ရရှိမယ်ဆိုရင် 
ဒီလောကမှာ ရှုံးနိမ့်သူ/ဆင်းရဲသူဆိုတာ ရှိတော့မှာ မဟုတ်ဘူး 

လူဆိုတာ
မှန်တဲ့ဘက်မှာ ရပ်တည်ရမယ်
ကိုယ်ချင်းစာတရား ထားရမယ်
ပေးဖို့ စွန့်ဖို့ လိုအပ်လာရင် ပေးသင့်ပေးထိုက်တာကို ပေးဖို့ စွန့်ရမယ်

စစ်မြေပြင်မှာဆိုရင် "ငါ သေချင်သေပါစေ နိုင်အောင်တိုက်မယ်" လို့ မကြောက်မရွံ့ အသက်စွန့်တိုက်ဖို့ စိတ်ပိုင်းဖြတ်လိုက်တာက မိမိကိုယ်ကို အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခံပေးဆပ်ခြင်း ဖြစ်တယ်

လူဆိုတာ
တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် ကြိုးစားပြီး နေထိုင်ရမယ်
တရားရှိဟန်ဆောင်ပြီး မကောင်းမှု မလုပ်ရဘူး

ဒီအချက်တွေကို ကျင့်သုံးလိုက်နာနေမယ်ဆိုရင် အနာဂတ်အရေးတွေးပြီး ပူဆွေးနေစရာ မလိုတော့ပါဘူး...


San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...