နိုင်ငံဟာ
တိုးတက်မှုလမ်းကြောင်းပေါ်ကို ရောက်ခဲ့ဖူးတယ်။
အငြင်းမပွါးနိုင်တာက
အင်တာနက်/ အင်တာနက်ဆက်စပ် စီးပွါးရေး, ပညာရေးတွေ။
လမ်း တံတား လျှပ်စစ်-စတဲ့ ဖွံ့ဖြိုးရေး အခြေခံ အဆောက်အဦတွေ။
လျှပ်စစ်မီးဟာ "မိုးသံကြားရင် ပျက်ပြီ"လို့ လှောင်ပြောင်ရင်းကပဲ မီးလင်းရပ်ဝန်းတွေ ကျယ်ပြန့် ကျယ်ပြန့် လာခဲ့ဖူးတယ်။
ကျန်းမာရေး။
ကိုဗစ်ကာလမှာ ဆရာဝန်တွေကို ကျေးဇူးတင်လွန်းလို့ လက်ခုပ်တီးကြဖူးတယ်။
သာသနာရေး။
Secularism အရွေ့နဲ့ ပတ်သက်ပြီး ပွတ်တိုက်မှုတွေ ရှိပေမယ့် အလှူအတန်း မပျက်ဘူး။
မနှစ်က ဒီရက်မှာ အဆုံးသတ်သွားတယ်။
မဲစာရင်းရလာဒ်ဟာ မူလအကြောင်းရင်းပဲလို့ တချို့က စွဲစွဲလမ်းလမ်း ပြောကြတယ်, တချို့ကလည်း ယုံကြတယ်။
"ငါတို့ မကျေနပ်ဘူး"ဆိုတာက အဓိကပြဿနာ ဖြစ်မှာပါ။
"ကျေနပ်အောင် လုပ်ပေးလိုက်ကြပါလား"
အားမလို အားမရ ဆိုကြတယ်။
တချို့က ဆိုရုံမက ကျေနပ်အောင် လုပ်မပေးလေချင်း-ဆိုပြီး မကျေမနပ် ဖြစ်ကြတယ်။
ဒီနေရာမှာပဲ အငြင်းပွါးရင်း ရန်တွေ့ကုန်ကြတယ်။
ထပ်မံပြီး စိတ်ဝမ်းကွဲကြတယ်။
အချင်းချင်း အကြည်ညိုပျက်ကြတယ်။
ကြည်ညိုမှုနဲ့ ရပ်တည်ရသူတွေ ပရိသတ်လျော့ကုန်တယ်။
===
တိုးတက်ခြင်းဘက်က ကြည့်ရင်
ဗြဟ္မစိုရ်ခေတ် ဖြစ်ဖူးတယ်။
ကိုဗစ်ကာလ အလှူအတန်းတွေကြောင့် ခရိုနီသူဋ္ဌေးတွေကိုတောင် မျက်ရည်စက်လက် သာဓုခေါ်ခဲ့ကြဖူးတယ်။
မုဒိတာ - သည့်ထက် ကြွယ်ဝကြပါစေ... ဆုတောင်းကြဖူး...
===
ဗြဟ္မစိုရ်ဟာ ပျောက်ရှ...
ဇွတ်ချစ်ဖို့ ကြိုးစားရင်းကပဲ မုန်းရသော အကြောင်းပြချက်တွေ ကိုယ်စီ။
ရန်/ငါ ပြတ်သူတွေက ပြတ်။
ချစ်သလိုလို ဟန်ဆောင်သူတွေက ဆောင်။
ဘက်မတူရင်
သာသနာဝင်တွေတောင်မှ
ဗြဟ္မစိုရ် ဆိတ်သုဉ်းကြတဲ့ ခေတ်။
"ဘက်မတူပေမယ့် ချစ်နိုင်တယ်..."
မပြောပါနဲ့...
မုသာဝါဒမှု ထပ်ဆင့်လိမ့်မယ်။
အလွန်ဆုံး ဖြစ်နိုင်မှ
မသိကျိုးကျွန် ပြု။
အတုအယောင် ဗြဟ္မစိုရ်တွေနဲ့
သူတော်ယောင် ဆောင်ကြရတဲ့ခေတ်။
===
ဒီခေတ်ဟာ တစ်နှစ်ပြည့်ပြီ။
This comment has been removed by the author.
ReplyDeleteclicked
Deletedone
ReplyDeleteabsolutely right .
ReplyDeleteViva La Revolution !!!
ReplyDeletedone
ReplyDelete"ပေးဆပ်ထားတဲ့ တော်လှန်ရေး
ReplyDeleteသွေးအေးသွားရင် ခွင့်မလွှတ်ကြေး"