Wednesday, January 5, 2022

နွံ


" နွံ "


ရေခဏခဏတင်တဲ့
နေရာဟာ ဘာဖြစ်လာလဲ❓
နွံတွေဖြစ်လာတယ်
အဲ့ဒီ...ရေကြောင့် ဖြစ်လာတဲ့
ရွှံ့နွံတွေကို ဘာနဲ့ဆေးရလဲ❓
ရေနဲ့ပဲ ဆေးကြောရသလို

စိတ်ကြောင့်ဖြစ်နေတဲ့
စိတ်ထဲမှာစွဲမိပြီး ဖြစ်နေတဲ့
လောဘ၊ ဒေါသ၊ မောဟ...စတဲ့
စိတ်ရဲ့အညစ်အကြေးတွေကိုလည်း
အ,ဒေါသ၊ အ,လောဘ၊ အ,မောဟလို့ဆိုတဲ့
တွဲဖက်လာတဲ့ စိတ်ရဲ့စွမ်းအားတွေနဲ့ပဲ
ပြန်လည်ဆေးကြော
ဖယ်ထုတ်ပစ်ရမှာပဲ
စိတ်ကို စိတ်နဲ့ပဲ
ပြန်ဆေးကြောရပါတယ်




San Zuren 🌸

4 comments:

  1. ညစ်ကြေးတွေ ဆေးကြောနိင်စွမ်းရှိတဲ့ရေ..
    ရေရဲ့ ဂုဏ်သတ္တိ ကိုမှန်းဆပီ စိတ်ညစ်တာတွေ
    ဆေးကြောလို့ရပါတရ်😊

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...