Thursday, January 6, 2022

"တချို့တွေ နေနိုင်လွန်းတယ်"


"တချို့တွေ နေနိုင်လွန်းတယ်"


ကြယ်တွေစုံရင် ကောင်းကင်ဟာ
လှမှာသိပေမဲ့  တိမ်တွေဝိုင်းဖယ်ဖို့ 
တချို့တွေ တာဝန်မဲ့ကြတယ်

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါလျက်နဲ့ 
ရေသာခိုကြတဲ့သူတွေအတွက်  
တချို့ပိုတွန်းကြရတဲ့အခါ 
ပိုတွန်းကြရတဲ့ တချို့မှာ ပိုနွံနစ်ကြရတယ်

ဓမ္မနဲ့ အဓမ္မကြား ရွေးရတဲ့အခါ
အတ္တကြီးတဲ့ဆင်ခြေတွေ ပေးကြတဲ့အခါ
တချို့နှောင်ကြိုးတွေက ရင်နာနာနဲ့
 ပိုစွန့်လွှတ်‌နေကြရတယ်

ဂေါ်ပြားတချက် မယက်ပေမဲ့လဲ 
စမ်းရေထွက်လာတဲ့အခါ 
အတူသောက်ခွင့်ပေးမှာပါ 
မင်းလက်တဖက်နဲ့ ကူယက်ခဲ့ရင်တော့ 
စမ်းရေမြန်မြန်ထွက်မှာပေါ့

ဒါပေမဲ့   ဒါပေမဲ့
တချို့တွေ နေနိုင်လွန်းတယ် 
တချို့တွေ  နေနိုင်လွန်းလှတယ်
တချို့တွေ နေ  နိုင်  လွန်း  ပါ   တယ်   လေ



San Zuren 🌸

4 comments:

  1. ❤❤နစ်လဲ ဆက်တွန်းရမှပဲ့ကောက်ရိုးမီးမဟုတ်တာကိုး☺..
    မင်းမပါလဲ အိမ်ပြန်ချင်လဲရတရ်..
    မင်းမပါတော့ တော်လှန်ရေးမှာ အားတခုလျော့သွားတာပေါ့ တော်လှန်ရေးခေါင်ဆောင်တယောက်ပြောသလို့
    အပြင်မှာ clickerတယောက်ဖစ်ဆက်clickဖို့ရှိနေမရ်နောင်ကြိုးတွေကြောင့်ပြောတိုင်း အေအဲဒါလဲတော်လှန်ရေးပဲ့သဘောထားကြီးစွာလက်ခံတတ်တဲ့ သူငယ်ချင်းတယောက်တိုင်းကိုလဲ ဦးညွှတ်လျှက် 🙏
    အရွှေ့တခုမှာ ငါတို့ရှိနေဖို့လိုတရ်💪

    ReplyDelete
  2. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...