Sunday, January 23, 2022

"ကြယ်ကြွေ မှာတမ်း"


'ကြယ်ကြွေ မှာတမ်း'

နိုင်မှာ သေချာပေမယ့်
အဆုံးသတ်တိုက်ပွဲဟာ
ထင်သလို ဇာတ်သိမ်းလှချင်မှလှမယ်။

ပွဲဆက်တွေ ကြာလို့
တွဲလက်တွေခါမယ် မကြံနဲ့
တော်လှန်ရေး စာမျက်နှာမှာ
ခဲဖျက်ရာ မလိုချင်ဘူး။

ထွက်သက်နောက်ဆုံး
နိဂုံးကမ္ပတ်
အဆုံးသတ်ထိ
ဖက်ဆစ်တပ်ကို ရအောင်ဖြို
တော်လှန်ရေးပြီးမှ စိတ်ကြိုက်ငို။

အမောင်

17 comments:

  1. တော်လှန်ရေး အောင်ပြီးမှပဲ အပျော်ငို ငိုမယ်ဗျာ.....
    ခုချိန်ကတော့ ရင်ထဲ ကြိတ်လို့ ကလစ်ပေးနေတုန်း....

    ReplyDelete
  2. ရင်ထဲသိမ်းထားတယ်

    ReplyDelete
  3. အောင်ကိုအောင်ရမယ် နွေဦးက ခွေးရူးကို မောင်းခုတ်မယ့်ပွဲ

    ReplyDelete
  4. နိုင်ကိုနိုင်ရမယ်

    ReplyDelete
  5. ကြိုးစားကလစ်လျှက်ပါ C4T

    ReplyDelete
  6. ခိုင်မြဲသောတွဲလက်ပါ💪

    ReplyDelete
  7. ​တော်လှန်​ရေးပြီးမှ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...