Sunday, January 23, 2022

ဗုဒ္ဓနဲ့ငါ ...ဘယ်မှာ လွဲတာလဲ”


“ဗုဒ္ဓနဲ့ငါ ...ဘယ်မှာ လွဲတာလဲ”
 _____________________  

ထီးနန်းစည်းစိမ် အာဏာစွန့်သူဟာ
၃၅ နှစ်မှာ ဘုရားဖြစ်လာတယ်။
အကျင့်တရားမရှိဘဲ
သင်ကြားမိဆဲ သစ္စာဓမ္မနဲ့
လာဘ်လာဘ အာဏာ နေရာအတွက်
ဘွဲ့တွေကို ငါတို့ယူကြတယ်။
ဗုဒ္ဓနဲ့ ငါ ........ ဘယ်မှာလွဲတာလဲ။

ဗုဒ္ဓဟာ.........  ဗုဒ္ဓဘာသာကိုမဟောဘူး
သစ္စာကိုပဲ ဟောပြတယ်တဲ့။
ဗုဒ္ဓသားမြေးတွေက
ဥပဒေနဲ့‌ခြောက် အာဏာ‌ရှင်ကိုမြှောက်
သေနတ်ဖောက်ပြီး 
သာသနာပြုချင်တယ်။
ဗုဒ္ဓနဲ့ ငါ ........... ဘယ်မှာလွဲတာလဲ။

တရားမရှိပေမယ့်
ဘုရားတွေပိနေတဲ့ တိုင်းပြည်မှာ
ရွှေခေါင်းပြောင်သလောက်
၀မ်းတွေက ခေါင်လွန်းတယ်။
အ၀တ်တွေရဲသလောက် 
သတ္တိက ‌ခြောက်လွန်းတယ်။

ပြောင်း၀က ကျည်ဆန်မှာ 
သာသနာတည်ရိုးမှန်ရင်
ပိဋကတ်သုံးပုံအစား
သေနတ်တွေ ထားခဲ့မှာပေါ့။
ဗုဒ္ဓရဲ့ ‌ခြေသံမှာ .......
ယမ်းနံ့တွေ မပါတာကိုတော့
ငါ ........... သစ္စာဆိုဝံ့ပါတယ်။

အမြင်မှန်ဆိုတာ .........
အသွင်သဏ္ဍာန်တွေကို ခွါကြည့်ရတာမျိုးပါ။
သာမန် ကရုဏာလေးရှိရင်တောင်
နဖူးရောင်သည့်အထိ ကြည်ညိုမိပါတယ်။

သမိုင်းဟာ  ...သက်သေပဲ။
သူတော်စင်တို့ ကျောက်စာမှာ 
လိပ်ပြာ လုံလုံနေချင်တယ်။
နှောင်းလူတို့မှတ်တမ်းမှာ......
ငါ့...... အမည်ကို မှင်နီ မဖြတ်သန်းပါစေနဲ့။

လူထဲက ...လူတွေပါပဲ။
ကျဆုံးသူတွေအတွက် အမျှမဝေနိုင်ရင်တောင်
ပြုံးယောင်တော့  မပြကြေး။
ငါတို့ဟာ... ဗုဒ္ဓရင်သွေးတွေဖြစ်တယ်။
ဒါပေမယ့်...
ဘယ်မှာ လမ်းလွဲသွားတာလဲ။

-မှော်နတ်ပျို

18 comments:

  1. အထက်အညာ တောင်ပေါ်မြေပြန့် မခွဲခြားပဲ ကလစ်ပေးနေတယ်....
    တော်လှန်ရေးအောင်ရင် မြိတ် ထား၀ယ် ဘက်ကို လာလည်မယ်....

    ReplyDelete
  2. အရေးတော်ပုံအောင်ကိုအောင်ရမည်

    ReplyDelete
  3. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  4. တခါမှဝင်မရေးဖြစ်ဘူး တခုတော့ပြောချင်တယ် မြန်မြန်ပီးချင်ရင် များများကလစ် အသက်ရှင်ချင်တဲ့သူက လေကိုမဖြစ်မနေ ရှူရမှာဖြစ်သလို့ နိုင်ချင်တဲ့သူတွေက မဖြစ်မနေကလစ်ကြပါ

    ReplyDelete
  5. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
    Replies
    1. ကြိုးစားကလစ်လျှက်ပါ

      Delete
  7. ကဗျာလေးကြိုက်တယ်

    ReplyDelete
  8. ကဗျာလေးကြိုက်လိုက်တာ❤️🦋

    ReplyDelete
  9. အားလုံးညီညွတ်မှုနဲ့့ တော်လှန်ကြမယ်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...