မိစ္ဆာနှင်သူများရဲ့ လည်ပင်းမှာ သွားပေါက်ရာ ကိုတွေ့တော့ ဘယ်သူမှ မအံ့ဩခဲ့ကြဘူး။
နောက်ဖေးလမ်းကြားထဲကနေ အလံတော်ကိုင်ပြီးထွက်လာတဲ့အခါ လက်သည်း မဆိတ်ဘဲ လက်ထိပ်နာ ကြရတယ်။
အာဏာ လုကြတဲ့ အချိန်တွေမှာတောင်
လက်ဖျံရိုးနှစ်ချောင်း ကြက်ခြေခတ်ထားတဲ့
အရိုးခေါင်းကို maskတပ်ထားရသေးတာပဲ
အဖေက သားသတ်သမားဖစ်လို့ဆိုပြီး သူ့သားရဲ့ ကျောင်းအကျီအဖြူကို အနီရောင်ဆိုးသွားကြတဲ့သူတွေ တကယ်ရှိခဲ့တယ်။
ရဲဘော်ရေ
ငါတို့ရဲ့ ကြက်ပေါင်ဖိနပ်ထဲမှာ မြွေတစ်ကောင်လာခွေနေတာကို ငါတို့ တကယ်သိခဲ့ကြပါတယ်။
အဲဒီလိုနဲ့
ဘယ်လောက် မိုက်ရဲသလဲလို့ အော်ပြောရင်း ရင်ပြင်ဆီကို သွေးထွက်နေတဲ့ခြေဗလာ နဲ့ ငါတို့ ချီတက်လာခဲ့ကြတယ်။
တစ်ချို့တွေကျ အချစ်ဇာတ်လမ်း ဆုံးသွားသည့်တိုင်အောင် ခင်တို့လမ်းရှေ့မရောက်ခဲ့ ရသူတွေပေါ့။
ပြောရင် ယုံကြမလား။
အပြာရောင်လမ်းလျှောက်သူများမတိုင်ခင်က
ရုံးခန်းထဲမှာ အ၀တ်မဲ့ပင်ပေါင်ရိုက်ပွဲ ဆိုတာတကယ်ရှိခဲ့တယ်။
ဒဏ်ရာ လို့ပြောရင် ငါတို့ရိုက်ရင်း ကွဲသွားခဲ့တဲ့ အလံတော်အောက်က ပင်ပေါင်ဘောလုံးတွေပဲ ။
လူအုပ်ကြီးရဲ့ကြွေးကြော်သံတွေထဲကို
စုပ်ခွက်ပါတဲ့ ရေဘဝဲလက်တံတွေ ထိုးသွင်းထားတာ အရှင်းသားမြင်နေရတယ်။
စကားလုံးတွေထက်ပိုတဲ့ စကားတစ်ခွန်းက
ငါတို့ရင်ဘတ်ကို လက်သီးဆုပ်နဲ့ ထုထုပြခဲ့ကြတာပဲ။
လမ်းမထက်ကို ချီတက်ရင်း ကျသွားတဲ့ ရဲဘော်လက်ထဲက တပ်ဦးအလံကို အသက်ရှိသေးတဲ့ ရဲဘော်တစ်ယောက်က လက်လွှဲယူလိုက်တယ်။
တကယ်တော့ ငါတို့သိခဲ့တဲ့
ဥပဒေဆိုတာ လက်နက်ကြီးတစ်ခု ပဲ။
အဆက်မပြတ် ပစ်ခတ်နေကြတယ်။
အဲဒီလိုနဲ့
နောက်ထပ်တစ်ယောက်
နောက်ထပ်တစ်ယောက်
နောက်ထပ်တစ်ယောက်...
ရဲဘော်ရေ .... ရဲဘော်တို့ရေ...
ငါတို့ တကယ် ပျော်ခဲ့ကြတာ ဘယ်အချိန်က နောက်ဆုံးလဲ ။
ဆစ်နိုင်

This comment has been removed by the author.
ReplyDeletedone 💙
ReplyDeleteမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
ReplyDeleteကြိုးစားကလစ်ကြစို့နော်
ပြည်သူရဲဘော်လေးတွေ ဘေးကင်းလွတ်မြောက်ကြပါစေ
ReplyDeleteSafe PDF
ReplyDeleteDone
ReplyDeleteclicked
ReplyDeletedone
ReplyDeleteDone🦜
ReplyDeleteရက်ကနေလ.........
ReplyDeleteလကနေနှစ်.........
တောထဲတောင်ထဲငါတို့အစားပင်ပန်းခံနေတဲ့ရဲဘော်တွေလဲ အတော်ပင်ပန်းနေလောက်ပြီ......
Gen......L တွေတော့ ဖောင်းထုလို့ကောင်းတုန်း...........
Clickersတွေအားလုံးတော့
တောထဲက ရဲဘော်တွေပြီးရင် ချစ်စရာအကောင်းဆုံးတွေပါ..........
ဘယ်သူဘာပြောပြော ငါတို့မျိုးဆက်ရဲ့သမိုင်းမရိုင်းစေရဘူး.......
အရင်ကလဲကြိုးစားခဲ့တယ် ခုလဲ ကြိုးစားဆဲ့...........
မအလလူပြည့်ကနေမထွက်ရမချင်းကြိုးစားမယ်............
.............♥Htet..............
ကိုယ်တိုင်ပြန်ရှာဖွေကြရမယ်
ReplyDeleteမတရားမှုကို ငုံမခံ
ReplyDeleteခုခံတိုက်ခိုက်ခြင်းသည် ငါတို့တာဝန်✊🏻💪🏻
done
ReplyDeletedone🐦
ReplyDeleteDone
ReplyDelete