Sunday, January 16, 2022



သေဆုံးကြောင်းစာထုတ်လိုက်ပေမဲ့
တချို့ကလေးတွေအသက်ရှင်လျှက်ရှိနေသေးတယ်မဟုတ်လား
အဲဒီအထဲမှာငါသားလေးပါ ပါစေ"ငါသမီးလေးပါ ပါစေ"
လို့ဆုတောင်းရင်း အိမ်ရှေ့တံခါးနား
မိခင်တွေ သူတို့သားသမီးကိုစောင့်နေကြတုန်းပဲ။

ငါ့သမီးလေးသာအသက်ရှင်သေးရင်
ငါ့သားလေးသာအသက်ရှင်သေးရင် 
ဒီအရွယ်ရောက်နေပြီပေါ့"
ရွယ်တူကလေးတွေမြင်တိုင်းစို့နင့်လာတဲ့မိဘတွေရင်ထဲ
ဘယ်လောက်များပူလောင်လိုက်မလဲ။
သားသမီးနဲ့ပတ်သက်ပြီး မေ့လျော့သွားတဲ့
မိဘ ဘယ်မှာများရှိလို့လဲ။

အသက်နဲ့ရင်း ဝမ်းနဲ့တောင်လွယ်ပြီးမွေးထားရတာပဲ
ဘယ်မိဘကများ 
ဒီလိုလွယ်လင့်တကူစွန့်လွှတ်ပေးလိုက်နိုင်မှာလဲလေ
ငါ့သားလေးသာပြန်လာရင်သိပ်ကောင်းမှာ
ငါ့သမီးလေးသာပြန်လာရင်သိပ်ကောင်းမှာ
တဖွဖွရေရွတ်ရင်း "

ပြန်မလာနိုင်မှန်းသိသိကြီးနဲ့တောင်
ဘာမျော်လင့်ချက်မှ မရှိတော့ရင်တောင်"
မိဘတွေ သူတို့ကလေးတွေကို ယနေ့ထိစောင့်နေကြတုန်းပဲ
အကယ်၍များ အသက်ရှင်သေးရင်ဆိုတဲ့စိတ်နဲ့လေ
အကယ်၍များပေ့ါလေ။ ။"

Sandi

6 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...