Monday, January 17, 2022

တိတ်ဆိတ်သော ည



တိတ်ဆိတ်သော ည

အသံမရှိသော်လည်း
ငိုနေကြသူ များပါတယ်

ငါဒဏ်ရာ သူ့ထက်နာတယ်
မပြောလိုတော့ မြိုသိပ်လိုက်တယ်

မျက်ရည်မကျသော ငိုကြွေးခြင်း
ခပ်ပြင်းပြင်းလေး ကိုယ့်ခေါင်းကိုယ်တစ်ချက်လောက်ရိုက်ကြည့်
အသိသတိ ပြန်ကပ်ကာ လက်ရှိ ကမ္ဘာ
ပြန်ရောက်ကြည့်လိုက်ရင် ကဗျာသိပ်မဆန်တော့တာ

ငါဟာ ဝမ်းနည်းစွာပဲ ကြည့်လိုက်ရင်း စာရွှက်နဲ့ ဘောပင်
သိမ်းလိုက်ကာ ပြန်ဖိုသာ ဟန်ပြင်

ဪ မေ့သွားတယ် အိမ်ကဖြင့် ပြာဖြစ်လို
ဘယ်ဆီမှ ပြန်စရာမရှိတော့လေသကိုး

တချိုက မိဘကိုဆုံးရ
တချိုက သားသမီး မြေးများဆုံးရ

ငါတစ်ကောင်ကြွက်ဘဝဆုံးစရာမရှိတာ
ဝမ်းသာရမလား ကြွားစရာလား မစဉ်းစားတတ်ပါပေ။

စခန်းပြင်မှာ တောက်ပြောင်သော သေနတ်လေးတွေကိုယ်စီနဲ့
အပြန်အလှန်ဟာသပြောရင်း ရယ်နေသူနှစ်ယောက်

သူတိုဘဝ ဘယ်လောက်စောက်ဒုက္ခတွေဖြတ်သန်းခဲ့ကြရမလဲ
အခုအခိုက်အတန့်မှာများ မေ့ထားနိုင်ကြတယ်
ငါလည်းပဲ ဒီခွန်အားတွေ လိုချင်တယ်
ပေးသနားပါ နတ်သိကြားများရယ်

တစ်နေရာရာမှာတော့ ငါ့ကိုစောင့်နေမယ်
ငါ့ဆီသူလာမှာပါလို ငါကစောင့်နေပါတယ်

ဪဒီလူတွေ အလွမ်းသယ်စရာတွေကြောင့်ပဲ
နှစ်ဆ နာကြရသကွယ်

တိတ်ဆိတ်သောညမှာ အသံတွေ သိပ်ဆူလှသကွယ်။

#Tommy

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...