မလုပ်ရဲတာ ဘာမှမရှိတဲ့
လူ့မိစ္ဆာ တွေ အတွက်
ငါတို့ တွေကလည်း
နောက်တွန့်လို့ ရွံနေစရာ
တစ်ကွက် မှ ကို မရှိ
လက်နက်တွေ မကိုင်ပဲ
ငြိမ်းငြိမ်းချမ်းချမ်းနဲ့
ဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့သေးတယ်လေ
နွေဦးမှာ သွေးအလူးလူးနဲ့
လျှာတွေ အသားမာ တက်အောင်
တောက် ခေါက်နေခဲ့ရသမျှ
ခုတော့လေ ငါ နားလည်ပြီ
တော်လှန်ရေးဆိုတာ
သမိုင်းအဆက်ဆက်မှာ
အသက် ကို စနက်တံ ဖြုတ်ပြီးမှ
စိတ်ဓါတ်တွေ နဲ့ ချီတက်ခဲ့တာပဲ
ဒီလိုပါပဲ..
ကြားခဲ့ဖူးတဲ့ စကားပုံ တစ်ခုလိုပေါ့
ကယ်တင်မယ့်သူတွေကလည်း
ပါရမီတွေ ဖြည့်ကျင့်ရသလို
ကယ်တင်ခံရမယ့်သူတွေကလည်း
တရားထူးကို သိနားလည်ရတယ်
အဲ့ဒါတွေ...အဲ့ဒိလိုတွေကြောင့်
ဒီမိုကရေစီ သောင်ကမ်းဆိုက်ဖို့
ဖြတ်လမ်းဆိုတာ ဘယ်တော့မှမရှိ
poem by /
ငရာ

ခေတ်အဆက်ဆက်ရင်းထားတဲ့အသက်တွေက
ReplyDeleteသမိုင်းမော်ကွန်းမှာ ထင်ကျန်ခဲ့ပေမဲ့
ခေတ်အဆက်ဆက်ဗိုလ်ကျ အနိင်ယူခဲ့တဲ့အာဏာရှင်တွေက သမိုင်းတရားခံပဲ့..
မတရားမှုမှန်သမျှကို ကျရာနေရာကျရာတာဝန်ထမ်းဆောင်ရင်း ဆုံးသတ်တိုက်ပွဲ အားစိုက်ကြရအောင်
we must win💪
done
ReplyDeleteDone
ReplyDeletedone 💙
ReplyDelete