လူတစ်ယောက်က
သူလုပ်ရမယ့်
လုပ်မယ်လို့ ပိုင်းဖြတ်ထားတဲ့
အလုပ်ကို
ဘယ်လောက်ခက်ခက်
ရည်မှန်းထားတဲ့အတိုင်း
ပြီးပြတ်အောင်
အာရုံစိုက်ပြီး
အားသွန်ခွန်စိုက်လုပ်နေမယ်၊
နောက်လူတစ်ယောက်က
ခုနလူ လုပ်နေသမျှကို
အသေးစိပ် မျက်ခြေမပြတ်
စောင့်ကြည့်ပြီး
ဝေဖန် ရှုံ့ချ ကဲ့ရဲ့ ဆဲဆို
အပြစ်တင်တာ တစ်ခုပဲ
အားသွန်ခွန်စိုက်လုပ်နေပြီး
ဘာမှ မယ်မယ်ရရ ထိထိရောက်ရောက်
လက်တွေ့ကျကျ လုပ်နိုင်တာ
တခြား မရှိဘူး
ဆိုရင်
အချိန်တန်တဲ့အခါ
ဘယ်သူက
ပန်းတိုင်ရောက်မယ်လို့
ယူဆသလဲ?
သေချာလဲ?
San Zuren 🌸

No comments:
Post a Comment