Sunday, December 26, 2021

Click4Tanintharyi

"Black Shirt Campaign "

  ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေခဲ့ကြသောထားဝယ်ပြည်သူလူထုကို အကြမ်းဖက်ကာ လူသတ်လက်နက်ဖြင့်ဖြိုခွင်းခဲ့သည့်နေ့မှာ ဖေဖော်ဝါရီလ (၂၈) မှ လာမည့်  ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် (၁၀) လတင်းတင်းပြည့်ပြီဖြစ်သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှုတွင် အပြစ်မဲ့ထားဝယ်ပြည်သူ(၄)ဦးသည် စစ်ဘီလူးများ​၏ ကျည်ချက်များကြောင့် အသက်ပေးခဲ့ရပေသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ ယခုအချိန်ထိ တစ်တိုင်းတစ်ပြည်လုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးသည် ပြည်သူများနှင့်တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ်တော်လှန်နေကြဆဲဖြစ်သည်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သွားသည့်တိုင် အမြစ်ဖြတ်မည့်ဤနွေဦးတော်လှန်ရေးတွင်  ပြည်သူလူထု​၏ပေးဆပ်မှုမှာ အင်မတန်မှများပြားခဲ့ရပါပြီ။ သို့သော် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် "ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဟူသကဲ့သို့ မဆုတ်မနစ်ပဲ အဆုံးထိတော်လှန်သွားဖို့ရာ လိုအပ်ပေသည်။ 

  ထို့ကြောင့် ထားဝယ်မြို့တွင်ကျဆုံးသွားသော သူရဲကောင်း (၄)ဦးနှင့်အတူ တစ်နိုင်ငံလုံးရှိ ကျဆုံးသွားကြလေသော နွေဦးတော်လှန်ရေးသူရဲကောင်းများအား ဝမ်းနည်းဂုဏ်ပြုသောအားဖြင့် လာမည့် ဒီဇင်ဘာ (၂၈)ရက် ည (၇) နာရီအချိန်တွင်  ပြုလုပ်သွားမည့် Black Shirt Campaign (အင်္ကျီအမဲရောင်ဝတ်ဆင်ခြင်းကမ်ပိန်း)ကို Social media အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ 

Black Shirt Campaign 
နေ့ရက်- ဒီဇင်ဘာ (၂၈)ရက် 
အချိန်- ည ၇:၀၀ နာရီ 

#blackshirtcampaign
#donotforgetfeb28
#martyrsneverdie
#info
#DTUSU


10 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...