Saturday, December 25, 2021

Click4Tanintharyi

တချို့ သူငယ်ချင်းတွေက ထောင်ထဲမှာ…

တချို့ သူငယ်ချင်းတွေက တောထဲမှာ…

တချို့ သူငယ်ချင်းတွေက ရှောင်ပြေးပုန်းနေကြရမှာ…

တချို့ သူငယ်ချင်းတွေက ကောင်းကင်ပေါ်မှာ…

……………………………………………………………………..

တချို့ သူငယ်ချင်းတွေက ပုံမှန်အတိုင်း ဖြစ်နေကြပြီ။

တချို့ သူငယ်ချင်းတွေက ပုံမှန်ဖြစ်အောင် ကြိုးစားနေကြပြီ။

တချို့ သူငယ်ချင်းတွေက ပုံမှန်မဖြစ်သလိုနဲ့ ပုံမှန်အတိုင်း လမ်းကြောင်းပေါ် လျှောက်နေကြပြီ။

တချို့ သူငယ်ချင်းတွေက ပုံမှန်အတိုင်း ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ပြီ…..

ဒါ ကိုယ့်အနီးနားက ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ Facebook ပေါ်မှာ မြင်နေတွေ့နေရတာပဲ ရှိသေးတယ် ၊ တခြား မမြင်ရ မတွေ့ရပဲ ခုလို အဖြစ်မျိုးတွေ ကြုံတွေ့နေရတာတွေ အများကြီး ရှိနေတယ်…

သူတို့တွေ အားလုံးကို မေ့ထားပြီး 2021 ရဲ့ Christmas နဲ့ New Year ကို ဘယ်လိုပျော်နိုင်ပါ့မလဲ…. 😢😢😢

25 December 2021

#Htar Htet Htet

21 comments:

  1. တချို့တွေက ပြုံး ..
    တချို့တွေက မုန်း -

    တချို့တွေက ငတ်လို့ ..
    တချို့တွေက သတ်ဖို့ -

    တချို့တွေက ပျော်ပါး ..
    တချို့တွေက မော်ကြွား -

    တချို့တွေက အဝေး ..
    တချို့တွေက ပြေး -

    တချို့တွေက အိမ် ပျောက် -
    တချို့တွေက မသာ ပျောက် -

    တော်ကြပါတော့ - နားကြပါတော့ -
    မကောင်းဆိုးဝါးတွေ ရပ်ကြပါတော့ -

    crd သန်း ထွန်း ဇော်

    ReplyDelete
  2. အသက်တွေပေးခဲ့ရတဲ့သူတွေကို ငဲ့ကြပါ

    ReplyDelete
  3. လိပ်ပြာလုံချင်တယ်

    ReplyDelete
  4. တနေ့တာအတွက်clickတာကမပါမဖြစ်

    ReplyDelete
  5. ပြည်သူ့အာဏာကို
    ပြည်သူ့လက်ထဲပြန်ထည့်ကြမယ်

    ReplyDelete
  6. ပြန်မရရင် အဆုံးထိရောက်အောင် သွားမယ်....

    ReplyDelete
  7. တချို့တွေက နေနိုင်လွန်းတယ်

    ReplyDelete
  8. ခုချိန်ထိ ​မ​ပျော်နိုင်​သေးပါဘူး

    ReplyDelete
  9. ငါတို့နိုင်မှလွတ်မယ့်သူတွေ
    ငါတို့နိုင်မှ ကျွတ်မယ့်သူတွေအတွက်
    ထောက်ပို့တပ်သားတွေ ကြိုးစားကြစို့

    ReplyDelete
  10. ​ကြိုးစားရအုံးပါမယ်ဗျာ

    ReplyDelete
  11. သင်တို့လိပ်ပြာလုံရဲ့လား

    ReplyDelete
  12. နေသားကျသွားလို့ မရဘူး။

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...