ဂရိစာပေ၌ အလွန်ထင်ရှားသော စကားတရပ်မှာ တော်လှန်ရေးအတွက်အဖိုးတန်စွ။
"နတ်ဘုရားတို့ဟူသည် သန်မာစွမ်းပကားရှိသူကိုစောင့်ရှောက်သည်"ဟု။
နွေဦးတော်လှန်ရေးသည် မည်သူမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိ။
နှစ်ပေါင်းများစွာ စစ်တပ်တည်ထောင်ကာ အာဏာရူးကြသည့် အလွန်ခိုင်မာတောင့်တင်းကာ လူမဆန်အောင် ရက်စက်ယုတ်မာကြသည့် စစ်ခွေးတို့အား ရရာအင်အားစုဖွဲ့ကာ တွန်းလှန်ကြရသည်။
ပြည်သူလူထုထံမှ ပေါက်ဖွားလာသော တော်လှန်ရေးစိတ်ဓါတ်နှင့် နွေဦးသူရဲကောင်း အထောင်အသောင်းတို့သည် တစ်ခုတည်းသောစိတ်ဖြင့် ကြံ့ကြံ့ခံနေဆဲ။
ငါတို့မှာ ငါတို့ပဲ ရှိသည် ဟူသော သံမဏိခွန်အားများ။
ဤသည်ကပင် နတ်ဘုရားတို့နှစ်သက်သော စိတ်ဓါတ်ပင်။
စစ်ခွေးတို့၌ ဘီလျံချီသောစစ်သုံးစရိတ်၊ ကြည်းရေလေအင်အားတို့ဖြင့် အနိုင်ကျင့်ဗိုလ်ကျနေသောစရိုက်။
ကြီးနိုင်ငယ်ညှင်းစရိုက်၊ ပြည်သူကို နည်းမျိုးစုံနှိပ်စက်သတ်ဖြတ်သောစရိုက်တို့ကြောင့် မည်သည့်စိတ်ခွန်အားမှ မရှိ။
နွေဦးတော်လှန်ရေးသူရဲကောင်းတို့၌ ရှိသမျှစစ်လက်နက်ဖြင့်တိုက်ပွဲဝင်နေသော်ငြား ကြီးမြတ်သောစိတ်ခွန်အားတို့ အပြည့်။
ဘေးဒုက္ခတို့ ပြည့်နှက်နေသည့်ကြားမှပင် စစ်ခွေးတို့အားနာကြည်းစက်ဆုပ်စိတ်ဖြင့် မိမိတို့နိုင်မှဖြစ်မည် ဟူသော တာဝန်သိစိတ် မွေးလျက် စစ်ခွေးတို့အားရင်ဆိုင်နေကြသည်။
သိဒ္ဓတ္ထမင်းသားသည် ညီတော်အာနန္ဒာအား အကောင်းဆုံးစိတ်ခွန်အား တရပ်အဖြစ် စကားလက်ဆောင်ပေးဖူးသည်။
လောကမှာ ကြောက်စရာအကောင်းဆုံးအရာသည် အခြားမဟုတ်။ အကြောက်တရားသာဖြစ်သည်ဟု။
လူသည် မိမိတို့လွတ်မြောက်လိုရာသို့ အကြောက်တရားရှိနေသမျှမရောက်။
ကြောက်စရာကောင်းသည်များအား ကြောက်လန့်နေသမျှမည်သည့်အခါမှ မလွတ်မြောက်။
ကြောက်၍အရှုံးပေးနေသမျှ ဘယ်သောအခါမှ လွတ်မြောက်ရာမရှိ။
နွေဦးတော်လှန်ရေးသူရဲကောင်းတို့သည် ကြောက်မက်ဖွယ်ရာစစ်မိစ္ဆာတို့အား မကြောက်ခြင်းကို ပြသလျက်ရှိကြသည်။
အလွန်စက်ဆုပ်ဖွယ် ရက်စက်လွန်းလှသည့် စစ်မိစ္ဆာတို့အား မကြောက်ရွံ့ခြင်းဖြင့် ကျော်လွှားနေကြသည်။
ပြည်သူလူထုသည် နွေဦးတော်လှန်ရေးကြောင့် စစ်မိစ္ဆာအပေါင်းကို မကြောက်မရွံ့ ရရာနေရာမှ ပါဝင်ချေမှုန်း နေကြသည်။
ထိုအရာသည်သာ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးနှင့် နတ်ဘုရားတို့၏ဖေးမခြင်းကိုရမည့် နည်းလမ်းပင်။ အခြားမရှိ။
နတ်ဘုရားတို့ဟူသည် စိတ်ခွန်အားကြီးမားသူတို့ကိုဦးညွတ်
စမွဲ။
မိုးသိကြား
#thevoiceofspring #opinion

Done
ReplyDeletedone
ReplyDeleteကမ္ဘ့ာသမိုင်းတွင်မဲ့ စစ်အာဏာရူးအကြမ်းဖက်ဖက်ဆစ်မင်းအောင်လှိုင် မြန်မာ့တော်လှန်ရေး
ReplyDeleteDone
ReplyDeleteThanks for sharing
ReplyDelete💪💙
ReplyDelete