Friday, December 31, 2021

Click4Tanintharyi

"နွေဦး"


ဒီ နွေဦးမှာ
တချို့တွေ
မျက်နှာဖုံး ပြောင်းတပ်ကြတယ်....

ဒီ နွေဦးမှာ
တချို့တွေ 
မျက်နှာဖုံး ကွာကျကြတယ်....

ဒီ နွေဦးမှာ
တချို့တွေ
မျက်နှာဖုံးတွေ အများကြီး
နံရံတွေမှာ ချိတ်ဆွဲထားကြတယ်....

ဒီ နွေဦးမှာ
တချို့တွေ
ဘဝကို အရှိ အတိုင်း
နေဖို့ မကြိုးစားခဲ့ကြ....

ဒီ နွေဦးမှာ
တချို့တွေ
အချစ်ခံခဲ့ကြ....
တချို့တွေ
အမုန်းခံခဲ့ကြ....

ဒီ နွေဦး ရဲ့
အလှဟာ
မိုနေး ပန်းချီကားထဲက
ပန်းခင်းတစ်ခု ဖြစ်ခဲ့သလို....
ဒါဗင်ချီ ပန်းချီကားထဲကလို
နောက်ဆုံး ညစာ စားပွဲ တစ်ခု
ဖြစ်ခဲ့ကြရတယ်....


#San Zuren

5 comments:

  1. မှန်တရားကိုငါရှာဖွေမရ်..
    အေးချမ်းတဲ့ကမ္ဘာကိုသွားမရ်..
    (ခံစားတတ်တဲ့စိတ်အရာရာလိုက်ခံစားတဲ့စိတ်နဲ့ ပန်းချီကားတချပ်ရဲ့
    ကျေးဇူးကြောင်​)့..ဘယ်သူမှာမရှိတဲ့အရပ်
    အသက်မဲ့နေတဲ့ကမ္ဘာ ကို dအရေးခင်းပီးရင် ရှာဖွေမရ်😊

    ReplyDelete
  2. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...