◩ ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့တရားခွင်မှာ စီရင်ဖို့သာ ငါတို့ အလိုရှိတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬
ဒီနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုပေါင်း များစွာ၊ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း များစွာကို လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကတည်းက တောက်လျှောက်ကျူးလွန်၊ ချိုးဖောက်ခဲ့တာ ကမ္ဘာသိ၊ မြန်မာသိ ဖြစ်ပါတယ်။
မကောင်းမှု ဒုစရိုက်ဆိုတာ ဆိတ်ကွယ်ရာ မရှိသလို၊ အချိန်ကြာသွားလို့ ပုပ်သိုးသွားတယ်၊ ပျောက်ကွယ်သွားတယ်ဆိုတာလည်း လုံးဝ မရှိပါဘူး။ ကျူးလွန်ခဲ့သူများအနေနဲ့ ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် သူသတ်ကောင်က လူသတ်ကောင်ပဲ ဖြစ်ပြီး စစ်ရာဇဝတ်ကောင်ကို စစ်ရာဇဝတ်ကောင်လို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဖက်ဆစ်ဝါဒီ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ (၂၀၂၁ ခု) အာဏာသိမ်းမှု မတိုင်မီကော၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ ပြစ်မှုပေါင်း များစွာအတွက် ထိုက်တန်လိုက်ဖက်တဲ့ ပြစ်ဒဏ်စီရင်မှုကို တစ်ချိန်ချိန်မှာ မလွဲမသွေ ခံယူရမှာ ဖြစ်ပါတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုပေါင်း များစွာအတွက် ကင်းလွတ်ခွင့်၊ ကျေအေးခွင့်ဆိုတာ ပြည်သူလူထုက ပေးမှာ မဟုတ်ပါဘူး။
ကျနော်တို့အနေနဲ့ ဖက်ဆစ် စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို ပေါ့ပေါ့တန်တန်နဲ့ စေ့စပ်ကျေအေးလိုက်လို့၊ လျော့ပေါ့ပေးလိုက်လို့ မရပါဘူး။ တော်လှန်ရေးအတွင်း ကျဆုံးခဲ့ရတဲ့၊ ပေးဆပ်ထည့်ဝင်ခဲ့ရတဲ့ အသက်၊ သွေး၊ ချွေးပေါင်း များစွာအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားနဲ့ တရားမျှတမှုကို ကျနော်တို့ ဖော်ထုတ်ရယူရပါလိမ့်မယ်။
ဖက်ဆစ်စစ်တပ်ကို အမြစ်ဖျက်ဖို့သာ ပြည်သူလူထုက အလိုရှိပါတယ်။ ဒီနိုင်ငံမှာ အာဏာရှင်စနစ်ကိုကော၊ စစ်အာဏာသိမ်းမှုကိုကော ခုခံတော်လှန်ရတဲ့ မျိုးဆက်အနေနဲ့ ကျနော်တို့တွေက နောက်ဆုံးမျိုးဆက်ပဲ ဖြစ်ရမယ်ဆိုတာ အားလုံးရဲ့ စွဲမြဲခိုင်မာတဲ့ သန္နိဋ္ဌာန်ပဲ ဖြစ်တယ်။ ကျနော်တို့ ဒီတစ်ပွဲကတော့ဖြင့် အာဏာရှင်စနစ် ကိုင်းဖျားကိုင်းနားကို ခုတ်မှာမဟုတ်၊ အမြစ်ကနေ တူး၊ မြေလှန်ပစ်ဖို့ပဲ ဖြစ်တယ်။
အဲ့လိုအခြေအနေမျိုး ဖြစ်ပေါ်လာအောင်လည်း ကျနော်တို့ ပြည်သူလူထုက တော်လှန်ရေးမှာ သွေးမအေး၊ ဇွဲမလျော့ဘဲ အားသွန်ခွန်စိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား။
❝ဖက်ဆစ် စစ်ကောင်စီကို ပြည်သူ့တရားခွင်မှာ စီရင်ဖို့သာ ငါတို့ အလိုရှိတယ်❞
#ဖက်ဆစ်စစ်တပ်_အမြစ်ဖျက်
#ကြောက်ခေတ်ကို_မှောက်ပစ်ကြ
#ကမ္ဘာမကြေဘူး
#မလျော့ဘူး
#သွေးမအေးဘူး
#နောက်မဆုတ်ဘူး
#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
#အရေးတော်ပုံ_အောင်ရမည်
ပထမအကြိမ်ဝင်လို့ပီးပီ
ReplyDeleteDone🍀
ReplyDeletedone
ReplyDeleteဒုတိယ အကြိမ်ဝင်လို့ပီးပီ
ReplyDeleteတတိယအကြိမ်စဝင်ပီ
ReplyDeleteတတိယအကြိမ်ဝင်လို့ပီးပီ
ReplyDeleteDone
ReplyDelete