Monday, November 15, 2021

Click4Tanintharyi

" နွေဦးစစ်သည် "

စစ်အာဏာ ထောင်ထလို့
တိုင်းပြည်ဟာ အမှောင်ကျတယ်။

မင်းလောင်းအမှန်ကို
အတင်းပြောင်းပြန်လုပ်လည်း
စစ်ပလ္လင်ရူးကို
ဘယ်သူက
သခင်လို့ ထူးမှာလဲ ။

ဘယ်အကြောက်တရားမှ
မချောက်ချားခဲ့ဘူး...
အကုန်လိုက်ဖြိုလည်း
တုန်ခိုက်လို့ မငိုခဲ့ဘူး ။

စိတ်တွေသာ ပိုပိုရဲလာခဲ့...
လက်တွေသာ ပိုပိုမြဲလာခဲ့ ။

ဝေဖူးကာ ခရီးတွင်လို့
ရောင်နီ လာတော့မယ်...
နွေဦးသာ ကမ္ပည်းတင်လို့
အောင်စည်သာတော့မယ်။

          ညီမင်းထွေး 
#thevoiceofspring #poem
#credit




3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...