Thursday, November 11, 2021

Click4Tanintharyi

"သေရဲရင် ထွက်ခဲ့ "

ပြည်သူဟာ
တရားရှိသလို
မတရား အဖိမခံဘူး ။

ပြည်သူမှာ
ဘုရားလည်းသိတယ်
အားလည်းရှိတယ်
ဓားလည်းမြည့်တယ် ။

ဘုရားနဲ့ မဝေးပေမယ့်
တရားမကွေးဖို့
လူတိုင်း ဓားသွေးနေဆဲ ။

စစ်ဖိနပ်အောက်
ဒူးမထောက်ချင်လို့
ဗျောက်ကိုယှဥ်ကိုင်တယ်
အကြောက်ကို ရင်ဆိုင်မယ်။

ပြည်သူနဲ့ဆန့်ကျင်ဘက်
ဘယ်သူက
စတန့်ထွင်ပြီး ရပ်မလဲ ။

အနေမြဲဖို့
သေရဲရင်ထွက်ခဲ့
စိတ်နာတဲ့အငြိုးနဲ့
မိစ္ဆာအရိုးတွေတောင်လိုပုံသွားမယ်။

         ညီမင်းထွေး
#thevoiceofspring #poem
#credit thevoiceof spring


12 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...