သတင်းထုတ်ပြန်ချက် (၁/နိုဝင်ဘာလ ၂၀၂၁)
• ကျွန်တော်တို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)သည် စစ်အာဏာရှင်စနစ် ကျရှုံးစေမည့်ဆောင်ရွက်ချက်မှန်သမျှကိုလုပ်ဆောင်လျက်ရှိသည်ကို မိဘပြည်သူများ အားလုံးအသိပင်ဖြစ်သည်။
• နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်မြို့နယ် မြေးခန္တီးရွာ၌ အခြေချပြီး အရှေ့ပြေး(ပွိုင့်ဖြင့်)တက်လာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်မော်တော်ကားကို DGRFတပ်ခွဲ(၆) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၇ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
• ၄င်းနေ့ ညနေပိုင်းတွင်မူ အင်အားထပ်ဖြည့်၍ တဖန်ချီတက်လာသော စကစ တပ်သား ၃၇ယောက် အား DGRF တပ်ခွဲ၁ မှ ပူးပေါင်းအင်အားဖြင့် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုတွင် ကျွန်တော်တို့ ဖက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိသလို စကစတို့၏ထိခိုက်မှုကိုလဲ အတည်မပြုနိုင်သေးပေ။
• ယခုချိန်တွင် ကျွန်တော်တို့ DGRFတပ်သားအားလုံးသည်လည်း ဘေးကင်းရာသို့ရောက်ရှိနေပြီဖြစ်ပြီး ဤလုပ်ဆောင်မှုသည် ရွာသားများနှင့်လုံးဝ (လုံးဝ)မသက်ဆိုင်ကြောင်းထုတ်ပြန် အသိပေးအပ်ပါသည်။
• ကျွန်တော်တို့အဖွဲ့သည် စစ်အာဏာရှင်စနစ်ကျရှုံးသည်အထိ တော်လှန်တိုက်ပွဲဝင်သွားပါမည်။
မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ။
အရေးတော်ပုံအောင်ရမည်။
#daweiguerrillarevolutionforce
#credit
အားရတယ် စခတေကို ငရဲများများပို့👻💪💪💪
ReplyDeleteပထမ အကြိမ်ဝင်ပီးပါပီ
ReplyDelete💪💙
ReplyDeleteဒုတိယ အကြိမ်ဝင်လို့ပီးပါပီ
ReplyDelete💪
ReplyDeleteတတိယအကြိမ်ဝင်လို့ပီးပါပီ🤗🤗🤗🤗🤗
ReplyDeleteDone💙
ReplyDelete