Friday, November 5, 2021

Click4Tanintharyi

(သွေးချင်းမောင်နှမတွေက အိမ်တွေပစ်ပြီး တိမ်းရှောင်နေရတာမို့ အကူအညီလည်း ပိုလိုအပ်မှာမို့ အိမ်မှာနေရ နေသေးတဲ့ ကျွန်တော်/ကျွန်မ တို့က ပိုအားစိုက်ပြီး Click ကြရအောင်ပါ)

သစ်ကတိုးနဲ့ မြေးခံန္တီအပါအဝင် ကျေးရွာလေးရွာက ဒေသခံ သုံးရာနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၄

ထားဝယ်မြို့၊ အရှေ့ဘက်ခြမ်းမှာရှိတဲ့ မြေးခန္တီ၊ သစ်ကတိုး၊ ရေဘုတ်နဲ့ ထန်းတလုံး စတဲ့ ကျေးရွာလေးရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စုစုပေါင်း သုံးရာနီးပါးရှိတယ်လို့ဒေသခံတွေထံက သိရပါတယ်။

သစ်ကတိုးကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၃ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒေသခံ ​PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ ​အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေ၊ လူသားဒိုင်းအဖြစ်အသုံးပြုတာတွေရှိခဲ့လို့ အခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ သစ်ကတိုးကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ အင်အားအလုံးအရင်းနဲ့တပ်စွဲထားတယ်လို့သိရပြီး အင်အားအတိအကျကိုတော့အတည်မပြုနိုင်သေးပါဘူး။

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူထောင်နဲ့ချီရှိနေပြီဖြစ်ပြီး သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာလည်း ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - Kwe Ka Lu News


7 comments:

  1. ပြည်သူနဲ့PDFလေးတွေဘေးကင်းကြပါစေ

    ReplyDelete
  2. ငါတို့ပြည်သူဘဝကဘယ်တော့မှစိတ်အေးချမ်းရမလဲမသိမအလရဲ့

    ReplyDelete
  3. အခြေနေဆိုးပါတရ်ဗျာ...သူငယ်ချင်းတွေလဲစိတ်ပူနေရတရ်ဗျာ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...