Wednesday, November 3, 2021

Click 4 Tanintharyi

ထားဝယ်မုန့်တီ (မုန့်လက်သုပ်)

ထားဝယ်ရိုးရာစားစရာ ဆိုတဲ့ စာရင်းတွေထဲမှာ မုန့်လက်သုပ်ကတော့ နံပါတ်တစ် နေရာနဲ့ ကျော်ကြားပါတယ်။ထားဝယ်သူ/ထားဝယ်သား တွေကလည်း ထားဝယ်ကနေ ဝေးရာအရပ်မှာဆို မုန့်လက်သုပ်က လွမ်းစရာတစ်မျိုးပါပဲ။ချဥ်ချဥ်စပ်စပ်၊ ပအုန်းရည် အနံ့သင်းသင်း မုန့်လက်သုပ်ကတော့ လူကြီး၊လူငယ်မရွေး ကြိုက်ကြတဲ့ ထားဝယ်ဒေသ စားစရာ တစ်မျိုးပဲ ဖြစ်ပါတယ်။
မုန့်လက်သုပ်ဆိုလို့ လက်နဲ့နယ်ဖတ်ပြီး သုပ်ထားတဲ့ အသုပ်တစ်မျိုးမျိုးတော့ မဟုတ်ပါဘူး။ရိုးရိုးရှင်းရှင်းနဲ့ အရွက်တွေထည့်စားရတဲ့ အရည်သောက် မုန့်တီ တစ်မျိုးပါ။ဟင်းရည်ချက်ဖို့ကတော့ ငါးကို ဆနွင်းနဲ့စပါးလင်​အရိုးကိုထောင်းပြီးပြုတ်ထားဖို့လိုပါတယ်။(ပလာတူး၊ငါးဒေါင်းချင်း စတဲ့ငါးတွေကို ထားဝယ်မှာ သုံးလေ့ရှိပေမယ့် အဆင်ပြေရာ ချိုတဲ့ငါးတစ်မျိုးမျိုးနဲ့လည်း ချက်လို့ရပါတယ်။)ပြုတ်ထားတဲ့ငါးကို အရိုးထွငိထားပြီးရင် ရေ၊ဆနွင်းအနည်းငယ်၊ပအုန်းရည်(အုန်းရယ်) ကို (လိုသလောက်) ဆူအောင် တည်ထားရပါမယ်။အရည်ဆူရင် စပါးလင်ကိုထုပြီးထည့်ပြီး ကြက်သွန်ဖြူကိုပါ ထောင်းထည့်ရပါမယ်။ငါးအသားနွင်ထားတာကိုပါထည့်ပြီးရင်တော့ ငံပြာရည်လေးနည်းနည်းထည့်ရပါတယ်။ကြက်သွန်နီအတုံးကြီးကြီးလေးတွေကတော့ မေ့ကျန်ခဲ့လို့မရတဲ့ မုန့်လက်သုပ်ရဲ့အသက်ပါ။
မုန့်ဖတ်လေးနဲ့ ကြက်သွနိနီပါးပါးလှီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ပဲပင်ပေါက်၊ သံပုရာသီးညှစ်၊ ငရုတ်သီးအကျက်မှုန့်နဲ့ ငရုတ်းသီးစိမ်းလေး ပါး​ပါးညှပ်ပြီး ဟင်းရည်လေးဆမ်းလိုက်ရင်တော့​ ပြီးပြည့်စုံတဲ့ မုန့်လက်သုပ်တစ်ခွက်ရပါပြီ။မုန်​့ခွေလို့ခေါ်တဲ့ စာကလေးခွေလေးကိုလည်း မပါမ​ဖြစ်ထည့်ကြပါတယ်။ ငါးဥပေါတဲ့ ရာသီဆိုရင် ငါးဒေါင်းချင်းဥလေး တကျွတ်ကျွတ်နဲ့ စားရပါမယ်။
ယောကျာ်းလေးတွေက မနက်ပိုင်း လဘက်ရည်ဆိုင်ထိုင်သလို ထားဝယ်သူလေးတွေကတော့ ညနေပိုင်းကို မုန့်လက်သုပ်ဆိုင်ထိုင်ရမှ ပြည့်စုံပါတယ်။နေကောင်းခါစ နလန်ထူစ အချိန်ဆို ချဥ်ချဥ်စပ်စပ် မုန့်လက်သုပ်ပူပူလေးက ပါးစပ်အရသာပြင်ဖို့အကောင်းဆုံးပါပဲ။တစ်ချို့ကလည်း ပအုန်းရည်အစား မန်းကျည်ရည်နဲ့ ချက်ကြပါတယ်။(ချက်နည်းအမျိုးမျိုးရှိတာမို့ clickersတို့သိတဲ့ ချက်နည်းကိုလည်း Comment boxမှာ ဝေမျှပေးကြပါအုံးခင်ဗျာ)






Photo credit#




14 comments:

  1. ကြိုက်စအယ်နေ့ဒေါင်းချင်းဥရလို့မနက်ဖြန်ချက်မယ်

    ReplyDelete
  2. ပထမအကြိမ်ဝင်လို့ပီးပီ

    ReplyDelete
  3. ဒုတိယ အကြိမ်ဝင်လို့ပီးပီ

    ReplyDelete
  4. တတိယအကြိမ်ဝင်လို့ပီးပီ

    ReplyDelete
  5. ထားဝယ်မုန့်လက်သုပ်ထက်ဘိတ်မုန့်လက်သုပ်က ငါးရများတရ်😁

    ReplyDelete
  6. ဝမ်ရခတ်စကွယ် 😅

    ReplyDelete
  7. မုလပ်သုပ် စားရှင်ဆိုး

    ReplyDelete
  8. စားရှင်အန်
    ငတ်ဒတ်လာမား🖤

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...