Wednesday, November 3, 2021

Click 4 Tanintharyi

"သာခွေယိုင်"

အချိုတည်းစရာ အီအီဆိမ့်ဆိမ့်နဲ့ ချစ်စရာ အရောင်လှလှနဲ့ တောင်ပိုင်းဒေသရဲ့ အချိုပွဲလေးတစ်ပွဲ ပြပါဆို "သာခွေယိုင်"ကို ပြချင်ပါတယ်။​ကောက်ညှင်းငချိတ်ရဲ့ ငချိတရောင်ညိုညိုပေါ်မှာ အုန့်နို့ဆမ်း အုန်းနို့ဖြူဖြူ​အရောင်လေးနဲ့ လိုက်ဖက်လှစွာပဲ အရသာကလည်း ချိုချိုဆိမ့်ဆိမ့်နဲ့ စားကောင်းပါတယ်။
လုပ်ရလွယ်ကူစားကောင်းတဲ့ သာခွေယိုင်ကတော့ တောင်ပိုင်း တနင်္သာရီရဲ့ စားစရာတစ်မျိုးပါ။ကောက်ညှင်းငချိတ်ကို ရေစင်စင်ဆေးပြီး ရေနဲ့ဆူအောင် တည်ရပါတယ်။​ကောက်ညှင်းအစေ့လေးတွေ ပြဲပြီး စေးစေးလေးဖြစ်တဲ့အထိ မွှေပေးရပါတယ်။​ကောက်ညှင်းစေးစေးလေးဖြစ်တော့မယ်ဆို လိုသလောက် အချိုအနေအထားအတွက် သကြားထည့်ပြီးပြီဆိုရင်တော့ သာခွေယိုင် ချိုချိုလေးရပါပြီ။အုန်းနို့လေး ညှစ်ပြီး အုန်းနို့ရည် လေး ရွှဲရွှဲလေး ဆမ်းလိုက်ရင် လှပချိုဆိမ့်တဲ့ သာခွေယိုင်လေး ရပါပြီ။
ထားဝယ်စကားအရ ဆတ်ဗွီး​ကျို ၊ ကော့ညှင်းရေမဲကျို စဖြင့်လည်း ခေါ်ကြပါသေးတယ်။








No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...