တပ်တွင်း မုဒိမ်းမှုတွေအကြောင်း ဖော်ပြတဲ့ စာတစ်စောင် ထွက်ပေါ်၊ ဗိုလ်မှူးအဆင့်ထိ အရေးယူထား
RiSE News| နိုဝင်ဘာ ၂၆
အကြမ်းဖက်စစ်ကောင်စီတပ်တွင်းက မုဒိမ်းမှုနဲ့ ဖောက်ပြန်မှု ၅မှုအကြောင်းပါဝင်ပြီး အခုလို မုဒိမ်းမှုတွေ ထပ်မဖြစ်စေဖို့ တပ်ရင်း တပ်ဖွဲ့တွေဆီ ညွှန်ကြားတဲ့စာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ပေါက်ကြားလာတာကို RiSE News ကဖတ်ရှုရပါတယ်။
ပထမဆုံးအနေနဲ့ အမှတ်(၇) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းက တပ်ကြပ်ကြီး ဇော်မျိုးက တစ်တပ်တည်းနေ တပ်ကြပ်တစ်ယောက်ရဲ့ ဇနီးကို လိင်ကိစ္စအတွက် စည်းရုံးပြောဆိုခဲ့လို့ စစ်စည်းကမ်းအရ အရေးယူထားတာကို ဖော်ပြထားပါတယ်။
အဲဒီစာမှာ အမြင့်ဆုံးရာထူးအနေနဲ့ ဗိုလ်မှူးအဆင့်ထိပါဝင်ပြီး သူဟာ အမှတ် ၁၄၂ ခြေလျင်တပ်ရင်းက ဗိုလ်မှူးတင်ကိုထက်ဆိုသူဖြစ်ပြီး ဒုတပ်ကြပ်ရဲ့ ဇနီးနဲ့ လူမှုရေးဖောက်ပြန်တာကြောင့် အရေးယူထားတယ်ဆိုတာ ဖော်ပြထားပါတယ်။
ဖြစ်ရပ် ၅ခုကို ပြောဆိုပြီး ဒီလိုဖြစ်တာဟာ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့တာ၊ ကျင့်ဝတ်မဲ့တာကြောင့် ဖြစ်ပွားတယ်လို့ ဆိုထားပြီး တပ်ရင်း တပ်ဖွဲ့တွေထဲမှာ အဲဒီလိုဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ဆိုပြီး ညွန်ကြားထားတာကို ဖတ်ရှုရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွင်းက ပေါက်ကြားလာတယ်ဆိုတဲ့ ယခုစာနဲ့ မုဒိမ်းမှုနဲ့ ကျင့်ဝတ်မဲ့ ဖောက်ပြန်မှုတွေနဲ့ပတ်သက်ပြီး RiSE News အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
(မှတ်ချက်-မုဒိမ်းမှုကျူးလွန်ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ နာမည်တွေကိုတော့ ကျင့်ဝတ်အရ RiSE News က ဖုံးကွယ် ချန်လှပ်ထားပါတယ်။)
#RiSE_News #ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
done
ReplyDeleteDone
ReplyDelete💪💪💪
ReplyDeleteDone
ReplyDeletesecond time
ReplyDeleteအပျင့်ပျက်နေတာကြာပြီခုမှပေါ်တာ
ReplyDelete