Tuesday, April 19, 2022


ပိုက်ဆံရှိတိုင်းလဲ လူတိုင်းက
         မပျော်ရွှင်ပါဘူး
~~

 ပိုက်ဆံရှိတိုင်းလဲ
လူတိုင်းကမပျော်ရွှင်ပါဘူး

ဘာကြောင့်ဆို လူတိုင်းမှာ
သူ့အကြောင်းနဲ့သူ့ အခက်အခဲဆိုတာ
ရှိကြပါတယ်

ငွေရှိမှ ပျော်ရွှင်ရတယ်ဆိုတာ
ကိုယ်တိုင် သက်မှတ်ထားတဲ့
ဘောင်တစ်ခုပါ

ကိုယ် ပိုင်ဆိုင်ထားတဲ့
ဘဝအခြေအနေနဲ့
ကိုယ့်ရဲ့ ကံအကျိုးပေးကို လက်ခံနိူင်ပြီး
နားလည်ရင် အရာရာမပြည့်စုံလဲ
ဘဝကြီးက နေပျော်ပါတယ်


San Zuren 🌸


ရယ်စား နဲ့ ငိုစား

ရယ်စားဆိုတာကတော့  အများသူငါ စိတ်ချမ်းသာမှု၊ စိတ်နှလုံးအေးချမ်းမှု၊ ဒုက္ခ ကင်းဝေးမှု၊ လိုအင် ဆန္ဒ ပြည့်ဝမှုတွေကို စွမ်းဆောင်ရင်း ကိုယ့် ဝမ်းစာ ရှာကျောင်းခြင်းလို့ အဓိပ္ပာယ် ရပါတယ်

ငိုစားဆိုတာကတော့ အများသူငါစိတ်နှလုံးမအေးချမ်းမှ၊ ဒုက္ခ ရောက်မှ၊ သောကရောက်မှ ကိုယ့်အသက်ဆက်ရှင်ရတဲ့၊ ကိုယ်ကောင်းစားတဲ့ လူတန်းစားကိုခေါ်ပါတယ်

ကျမတို့ တိုင်းပြည်မှာ ရယ်စားတွေ  ပေါများလာပြီး ငိုစားတွေ နဲသွား၊ ပပျောက်သွားမှ ပြည်သူအားလုံး လိုလားတောင့်တ တဲ့ခရီးပန်းတိုင်ကို ရောက်မယ်လို့ ယုံကြည်ပါတယ်

ရယ်စားများများ ထွက်ပေါ်လာနိုင်ပါစေလို့ ဆုတောင်းရင်း...



 San Zuren 🌸


"For Happy Life"


ဘဝမှာပျော်ရွှင်ဖို့က ကိုယ်လုပ်သမျှ အရာတိုင်း ရည်မှန်းချက်ထားတတ်ဖို့လိုအပ်ပါတယ်

ဘဝက တိုတိုလေးပါ
မကောင်းတဲ့ အတွေးမြင်တွေ ဖြတ်ထုတ်ပါ
အတင်းဖျင်းတွေမေ့လိုက်ပါ
ကိုယ့်ကိုမလိုသူတွေကို နှုတ်ဆက်ပါ
ကိုယ့်နားအမြဲရှိသူတွေနဲ့ပဲ အချိန်ကုန်ဆုံးလိုက်ပါ


Life is short.
Cut out negativity, forget gossip, say goodbye to people who don't care. Spend time with people who are always there.



San Zuren 🌸


Destiny
~ ~ ~ ~  

နီးနီးလေးနေပေမယ့် 
အမှုမဲ့အမှတ်မဲ့  အမှတ်တရမဖြစ်တဲ့ 
ရေစက်တွေ ရှိတတ်သလို

ဝေးလွန်းနေပေမယ့်
စူးစူးနစ်နစ်  အမှတ်တရဖြစ်တတ်တဲ့
ရေစက်တွေလည်း  ရှိတယ်

နှစ်ပေါင်းများစွာ တွေ့လာရပေမယ့် 
မနေ့ကမှ တွေ့ရသလိုမျိုး 
စိမ်းသက်သက် ရေစက်တွေရှိသလို

ခုမှ တွေ့ရပေမယ့် 
နှစ်များစွာကတည်းက 
တွေ့ဆုံပတ်သက် ရင်းနှီးခဲ့ရသလို
နီးလွန်းတဲ့ ရေစက်တွေလည်းရှိတယ်

သေချာတာကတော့

ချစ်ခြင်းရေစက်ကို ရှောင်လွှဲလို့မရနိုင်သလို

အမုန်းရေစက်ကိုလည်း ရှောင်လွှဲလို့လည်းမရနိုင်ပါဘူး

ရေစက်ပါသူတိုင်း  ဆုံဆည်းနိုင်ကြပါစေ...



San Zuren 🌸

Monday, April 18, 2022

ယုတ်မာခြင်းတွေကို ကောင်းကင်ကြီးဟာခွင့်ပြုထားတဲ့အခါ
ငါတို့သူရဲကောင်းတွေကလည်း ပျော်ပျော်ကြီးကိုပေးဆပ်ခဲ့ကြတယ်။
အမှန်တရားလုပ်လို့သေမိန့်ချခံရရင်
နှစ်ခါပြန်သေရလည်း သေရဲတယ်ဆိုတဲ့အာဇာနည်စိတ်ဓာတ်တွေ။

မိဘကိုလည်းစွန့်တယ်"သားသမီးကိုလည်းစွန့်တယ်"
လက်တွဲဖော်ကိုလည်းစွန့်တယ်။
အများအတွက်ရည်ရွယ်ပြီး လျောက်ခဲ့တဲ့ယုံကြည်ရာလမ်း။
သရဏဂုံတင်ပြီးမှရွေးချယ်ခဲ့တဲ့အမှန်တရားတွေပဲ။
တစ်ဘဝစံတွေလိုမျိုးစိတ်ဓာတ်မရှိခဲ့လို့ဂုဏ်ယူတယ်။

ငြိမ်းချမ်းစွာအိပ်စက်ပါ။ငြိမ်းချမ်းစွာအနားယူပါ။
အေးချမ်းစေလိုစိတ်တစ်ခုထဲနဲ့အားလုံးစွန့်ပြီး
အများအတွက်စတေးခဲ့တဲ့အသက်တွေပဲ။
ဒီဘဝဒုက္ခရောက်လို့ကယ်မဲ့လူမရှိခဲ့ရင်တောင်
သံသရာမှာတော့အေးချမ်းခွင့်ပြုမယ်မလား။
အေးချမ်းတဲ့နိုင်ငံမှာ
မိသားစုစုံလင်စွာတဖန်ပြန်လည်မွေးဖွားပါ💔

RIPပါ သူရဲကောင်းကြီးရေ😢💔

Khin Sandi

#springArts
◽ ငါတို့အသံ၊ ငါတို့အလံ 

အသက်ပေးထားတဲ့
ငါ့တူ ငါ့သား
ငါတို့ တပ်သားများဟာ
တော်လှန်အားရဲ့
နှလုံးသားတွေ ဖြစ်တယ်။

တော်လှန်ရေးအပေါ်
အလေးထား အသိနဲ့
ပြည်သူသည်သာ
နားနဲ့မျက်စိ ဖြစ်တယ်။

စားလည်း ဒီစိတ်
သွားလည်း ဒီစိတ်နဲ့
ပြည်သူက
ရိက္ခာကို ထောက်ကူတယ်
ကျည်ဆန်ကို အရောက်လှူတယ်။

တွေမဆိုင်းနဲ့
နေ့တိုင်းဟာ အရေးကြီးတယ်
ငါတို့ သွေးမစည်းရင်
ငါတို့ သွေးမနီးရင်
ငါတို့သွေးတွေသာ စီးရလိမ့်မယ်။

ပြည်သူ့ထီးရိပ်နဲ့
အာခံခြင်းစိတ်တွေ
မိစ္ဆာကို အပြီးမောင်းထုတ်
လုံးဝအုပ်ချုပ်ခွင့် မရှိစေရ ။◼

©ဒေါင်းသွေး 
#thevoiceofspring #poem


#thevoiceofspring

[] လူကလေးနှင့် ပြည်တွင်းစစ် []
_____________________________

စစ်ကြီးပြီးတော့မယ်လို့
သူတို့ပြောနေကြတော့
လူကလေးအသက် တစ်ဆယ့်နှစ်နှစ်။
လူကလေးဟာ
ကိုယ်၀န်အရင့်အမာနဲ့ ကျန်ခဲ့တယ်။

                                      Matt Thanlone


လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...