Monday, November 22, 2021

Click4Tanintharyi

လူသားဆန်ဖို့ Clickရမယ်💪✊
ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။







#photocredit

Click4Tanintharyi








#credit


Click4Tanintharyi

" တော်လှန်လမ်းက ပန်းနီနီ "

ယောက်ျားတွေရဲ့ဘုန်း
လက်ရုံးမှာတည်တယ်။

မိန်းမတွေရဲ့ဘုန်း
ဆံထုံးမှာ မှီတယ်။

လက်ရုံးတွေ ရန်ကိုပြိုင်သလို
ဆံထုံးတွေလည်း
ရန်ကိုဆိုင်နေကြပြီ။

စစ်မြေပြင်မှာ
နံ့သာ မကျံ
ပန်းမပန်ဘဲ
မောင်းပြန်လွယ်ထားလို့
လှအားနိုင်ရက်ကြတယ်။

အရှက်တွေ မြဲခဲ့သလို
ပုခက်တွေ လွှဲခဲ့သလို
အသက်တွေ လဲဖို့မှာလည်း
ရှေ့ဆုံးက ရဲခဲ့ကြတယ်။

နွေဦးယံမှာ
စံပယ်တွေ လှိုင်းထန်သလို
ရဲဘော်မတွေ
ပွဲတော်မှာ လှနေကြတယ်။

        လက်ရုံးညီ 
#thevoiceofspring #poem
#credit

Sunday, November 21, 2021

Click4Tanintharyi

Viewတွေက တက်မလာပဲ ဆက်ကျနေလို့ စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။😢နည်းနည်းလေး အားစိုက်ပြီး clickပေးကြပါအုံးလားခင်ဗျာ။💪💪



Click4Tanintharyi

လောင်းလုံး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး PDF ဘက်က တစ်ဦးကျဆုံးခဲ့ 

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၁ 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ဒီနေ့မနက် ၈ နာရီခွဲမှာ လောင်းလုံးမြို့နယ် ညင်းမော်ရွာနဲ့ ဂေါ့အင်းရွာအကြားမှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ 

အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကူကားတစ်စီးထပ်ရောက်လာလို့ ပြန်လည်ပစ်ခတ်ပြီး ဆုတ်ခွာခဲ့တယ်လို့ Launglone People Defence Forces
က ထုတ်ပြန်ပါတယ်။ 

ဒီနေ့မနက် ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၆ ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ပြီး PDF ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

The Tanintharyi Times


#credit 
#The Tanintharyi Times

Saturday, November 20, 2021

Click4Tanintharyi

အသက်ပေးလိုက်ရတဲ့ ရဲဘော်တွေ၊ မတရားဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေ၊ တောထဲမှာ အပြင်းအထန်လေ့ကျင့်နေကြတဲ့ ရဲဘော်တွေ၊CDMလုပ်ထားတဲ့ရဲဘော်တွေ... ဒီလိုရဲဘော်တွေအတွက် အိမ်မှာနေနေရတဲ့ မိမိတို့က ထောက်ပို့တပ်သားအဖြစ်တာဝန်ယူပြီး ထောက်ပံကြရအောင်ပါ၊သွေးကြွေးဆပ်ရအောင်ပါ။



#photocredit

Click4Tanintharyi


နားငြီးမယ်ဆိုတာ သိပေမယ့် ထပ်ပြောပါရစေခင်ဗျာ။😢😢Clickပေးကြပါဦး ခင်ဗျ။ကျေးဇူးတင်ပါတယ် ခင်ဗျာ။




#photocredit


လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...