Sunday, November 21, 2021

Click4Tanintharyi

လောင်းလုံး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး PDF ဘက်က တစ်ဦးကျဆုံးခဲ့ 

တနင်္သာရီတိုင်းမ်၊ နိုဝင်ဘာ ၂၁ 

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ 

ဒီနေ့မနက် ၈ နာရီခွဲမှာ လောင်းလုံးမြို့နယ် ညင်းမော်ရွာနဲ့ ဂေါ့အင်းရွာအကြားမှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ 

အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကူကားတစ်စီးထပ်ရောက်လာလို့ ပြန်လည်ပစ်ခတ်ပြီး ဆုတ်ခွာခဲ့တယ်လို့ Launglone People Defence Forces
က ထုတ်ပြန်ပါတယ်။ 

ဒီနေ့မနက် ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၆ ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ပြီး PDF ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

The Tanintharyi Times


#credit 
#The Tanintharyi Times

11 comments:

  1. အလေးပြုပါတယ်PDFကို

    ReplyDelete
  2. ကောင်းရာဘုံဘဝမှာ အနားယူပါတော့ PDF သူရဲကောင်းလေးရေ့

    ReplyDelete
  3. စွန့်လွတ်အနစ်နာခံသူတွေ

    ReplyDelete
  4. C4tမာ များများ click ကြရအောင်
    clickerတို့ရေ

    ReplyDelete
  5. ကျဆုံးpdfသူရဲကောင်း အလေးပြုပါတယ် စစ်ခွေးတွေဒီထက်မကများများသေပါစေ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...