Sunday, November 6, 2022


လေတသုန်သုန်တိုက်လျက်
မိုးစက်များစိုရွှဲလျက်
ကမ္ဘာမြေဟာ
လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့
သစ်ရွက်အနွမ်းတို့ကို
အုပ်မိုးပွေ့ဖက်တော်မူပါတယ်။

ရှေးဟောင်းပစ္စည်းတွေဟာ 
တချိန်ချိန်မှာ ပြန်လည်တူးဖော်တွေ့ရှိရတယ်။

ဆီတိုးဝယ်ရင်း
ရောဂါကုဖို့ဆေးမဝယ်နိုင်ရင်း
ငတ်မွတ်ခေါင်းပါးရင်း
ရရာလက်နက်စွဲကိုင်ရင်း
တိတ်ဆိတ်စွာမျက်ရည်ကျ​ခြင်းနဲ့
ဒုက္ခ၊သောက၊ဗျာပါဒနဲ့။

ပေးဆပ်ကွယ်လွန်သူ
လူငယ်လူကြီးများရဲ့နာမည်ကို
သက်ဆိုင်သူတွေပြန်လည်တူးဖော်တဲ့နေ့မှာ
ကျနော်တို့ရဲ့မှတ်ဥာဏ်မြေသားထုနဲ့
အုပ်မိုးပွေ့ဖက်ရပါလိမ့်မယ်။

-ဆပ်ရိပ်
၂၆၊၈၊၂၂

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...