"လေထုညစ်ညမ်းမှု"
နာရီလက်တံပေါ် ထိုင်စီးရတာ
အရင်လိုလည်း ပျော်စရာမကောင်းတော့ဘူး
အသက်မရှူမှ သေတာမဟုတ်ပါဘူး
ဒီနေ့ဟာ မနေ့ကအတိုင်း
မနက်ဖြန်ဟာ ဒီနေ့အတိုင်းပဲဆိုရင်
ဒါဟာလည်း သေနေတာပဲမဟုတ်လား
ကျွန်တော့ကိုပဲကြည့်လေ
ပြန်ရှင်လာမလားလို့ ကဗျာတွေရေးနေတာ
ကျွန်တော် သေနေတဲ့အကြောင်းကို
လူသိရှင်ကြား ကြေငြာရအောင်လည်း
အာဏာရှင်နာရေးလို ပျော်စရာမှမကောင်းပဲ
ရှင်ချင်ယောင်ဆောင်နေရတဲ့ကြားထဲ
စိတ်ညစ်စရာတွေချည်းပဲ အားကောင်းလာတယ်
ပန်းတွေမပွင့်တော့တဲ့ကမ္ဘာမှာ
အသက်ရှူကျပ်နေတဲ့ပျားတွေ
ကိုယ့်ကိုယ်ကိုသတ်သေကြတာ
အသက်ရှူဝဖို့ပဲလေ
ကိုဟိန်း
၁၄.၁၀.၂၀၂၂
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
UNITY ----------- ငါတို့ဟာ ညီရင်းအစ်ကို မောင်ရင်းနှမတွေလို အတူယှဉ်တွဲ နေထိုင်တတ်အောင် မကြိုးစားကြဘူးဆို ရင် လူမိုက်တွေလို ပျက်ကိန်းကြုံလိမ့...
-
ပုံအောရမယ့်ပွဲ ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့ စစ်အာဏာရှင်လက်အောက်က တက္ကသိုလ်ထိ ပညာရေး ဟာ လောက်လောက်လားလား မယ်မယ်ရရ တန်းမဝင်တဲ့ အချိန်ကုန် ပည...
No comments:
Post a Comment