လူ့လောကထဲ
တနေ့ထက် တနေ့
အရူးတွေပို ပိုပေါလာနေပြီ
စာရူး
ကဗျာရူး
အချစ်ရူး
အာဏာရူး
တစ်ချို့သော အရူးများ
အာဏာရှင်ကို တော်လှန်ဖို့တဲ့
အသက်တောင်. စွန့်သွားလေရယ့်
ဪ.....တော်လှန်အရူးတွေ
ကျည်ခွံတွေ ဟိုနားတစ်စ ဒီနားတစ်စ
ယမ်းငွေ့တလူလူနဲ့ ကမ္ဘာကြီးထဲမှာ
ဒီအရူးတွေဟာလည်း ငြိမ်းချမ်းစွာပဲ
အနားယူကုန်ကြတယ်
ငါမျှော်လင့်ပါတယ်
တရားသော ရူးသွပ်ခြင်းများ ခိုင်မြဲပါစေ
ငိုသံတွေလည်း နိဂုံးချုပ်နိုင်ပါစေတော့.......
ThaeNu
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Monday, October 31, 2022
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring
No comments:
Post a Comment