ရှေ့ဆက်လည်း မသွားချင်တော့ဘူး
ဒီခရီးကို ဒီမှာပဲ အဆုံးသတ်ချင်ပြီ
ရပ်လိုက်ချင်ပြီ
ပင်ပန်းနေပြီ
ပြိုလဲချင်နေပြီ
တစ်ချို့ရက်တွေမှာ ပြန်မထချင်တော့အောင်
ပြိုလဲနေတတ်တယ်
ကျွန်တော် သိပ်ကို ပင်ပန်းနေပြီး
ဒါပေမဲ့ မလျှောက်ပဲ ရပ်နေလို့
ထူးခြားသွားမှာမဟုတ်
ကျွန်တော့်အမေနဲ့ အဖေ ပေးထားတဲ့ ခြေထောက်နှစ်ယောက်က
ရန်သူရှေ့မှာ ဒူးထောက်ခစားဖို့ မဟုတ်
ရန်သူကို ခြေနင်းဖို့ ချေမှုန်းဖို့
တိုက်ထုတ်ဖို့ ပေးထားတာ
တရားသောစစ်မှာ အမှန်တရားအတွက်
တိုက်ပွဲဝင်သူတွေ ရန်သူရှေ့ ဒူးထောက်လေ့မရှိ
အမှန်တရားအတွက် ၊ယုံကြည်ရာလမ်းအတွက်
တော်လှန် အသက်ကိုသာ အသေခံမယ်
ရန်သူရှေ့ ဘယ်တော့မှ ဒူးမထောက်။
-Juno
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Sunday, October 16, 2022
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring
No comments:
Post a Comment