UG ဆိုတာ
UG ဆိုတာ ယူနီဖောင်းလေး ကော့နေအောင်
ဝတ်ပြီး ဓာတ်ပုံလေးရိုက် ပုံတင်လို့မရ
ပေါ်တင်အလှူခံလို့မရ မျက်နှာလုံးဝပြလို့မရ
နေတာ စားတာ အိပ်တာကအစ
24hour သတိနဲ့နေပြီး နားအမြဲစွင့်ထားရတာ
UGဟာ အန္တရာယ်အများဆုံး အတွင်းစည်းထဲမှာ
ရန်သူနဲ့အနီးဆုံးနေပြီး လှုပ်ရှားနေရတာ
တော်ရုံသတ္တိနဲ့ UGလုပ်မရဘူး
အလှူရှင်မရှိလို့ သူတို့ပိုင်ဆိုင်တာလေးတွေရောင်းပြီး
Missions အတွက် ပစ္စည်းဝယ်လှုပ်ရှားခဲ့ကြတာ UG တွေပါ
တောထဲမှာက သူပစ်ကိုယ်ပစ် မနိုင်ရင်ပြေး
ကိုယ့်နယ်မြေလိုဖြစ်နေတဲ့ တောထဲမှာ
ခြေရာဖျောက်လို့ရတယ် ဒလန်ဆိုတာမရှိဘူး
UG တွေအတွက်က ရဲခွေး စစ်ခွေး ဒလန်
အားလုံးကို သတိထားပြီးလှုပ်ရှားနေကြရတာ
အခန့်မသင့်ရင် ပြည်သူတွေဆဲတာပါ ခံရသေးတယ်
UG စလုပ်တော့မယ်ဆိုထဲက
သူတို့ရဲ့အသက်ဟာ 50% သရဏဂုံတင်ထားရပြီးသား
သူတို့ဟာမြို့ပြသွေးမအေးစေဖို့ အရေးအတွက်
မရှိမဖြစ် အရေးကြီးဆုံးသောသူတွေပါ
သူတို့ကျဆုံး ဖမ်းမိရင်တောင် သူတို့ဟာ
လူမသိသူမသိနဲ့ သူတို့ရဲ့ပေးဆပ်မှူတွေကို
အကောင်းဆုံး ပေးဆပ်သွားကြတဲ့သူတွေပါ
လေးစားမှုများစွာဖြင့်
San Zuren 🌸
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Wednesday, September 7, 2022
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
ပုံအောရမယ့်ပွဲ ဖြတ်သန်းဖူးတဲ့သူတိုင်း သိကြတဲ့ စစ်အာဏာရှင်လက်အောက်က တက္ကသိုလ်ထိ ပညာရေး ဟာ လောက်လောက်လားလား မယ်မယ်ရရ တန်းမဝင်တဲ့ အချိန်ကုန် ပည...
-
ဂရေ့စ် သေတဲ့သူက တစ်ခါပဲသေတယ် ရှင်သန်သူကတော့ သတိရတိုင်းသေဆုံးနေရတယ် (ဒါမှမဟုတ်လည်း) သတိရရင်း ရှင်သန်နေရတယ်။ ဒီနှစ်ပိုင်းတွေမှာ ငါ့ခေါင်းကိုသူ...
No comments:
Post a Comment