D Day ၁ နှစ်ပြည့်
နွေဦးတော်လှန်ရေး
--------------------------
ပြည်သူတွေ
အသက်ပေးရ
အိမ်မရှိတော့ဘူး
ကျီမရှိတော့ဘူး
နွားမရှိတော့ဘူး
လယ်ယာမရှိတော့ဘူး
ယောက်ကျားမရှိတော့ဘူး
သားမရှိတော့ဘူး
သမီးမရှိတော့ဘူး
ကိုယ့်အသက်ကိုတောင်
ပြေးတဲ့ ခြေထောက်ပေါ် ယဲ့ယဲ့လေး
တင်ထားရဆဲ
ဒီဒေး မခေါ်လည်း
အာဏာရှင်ကို အာခံတိုက်နေတာ ပြည်သူ
ဒီဒေး ခေါ်လည်း
ကိုယ်လယ်ယာလေးရောင်း
ကိုယ့်နားကပ်လေးရောင်း
လက်နက်ဝယ် တိုက်နေတာ ပြည်သူ
ခွင့်တူညီမျှ ဒီမိုကရေစီရအောင်
ဖက်ဒရယ်ရအောင်
ပြည်သူတွေက အသက်ပေးလို့
ချနေကြလေရဲ့
D Day
တနှစ်ပြည့်မှာ
လောင်နေတဲ့မီးတွေ
ကျဆုံးသွားတဲ့ သူရဲကောင်းတွေတိုင်တည်
သင်ပုန်းမချေ လက်စားချေမယ်
မကြေကမ္ဘာ သံသရာကြွေး
သွေးပေးဆပ်မှ ကျေနပ်ကြမယ်
ကယ်တင်ရှင် ဘယ်သောအခါမှ မရှိချေ
နှောင်ကြိုးကို တို့လက်ရုံးနဲ့ ချိုးဖျက်မလေ
လွတ်လပ်ရေး
တန်းတူရေး
တရားမျှတရေး
လူအခွင့်အရေး
ဒီမိုကရေစီအရေး
ကိုယ်ပိုင်ပြဌာန်းခွင့်
လူမျိုးပေါင်းစုံ
စိတ်ကြိုက်ဖန်တီးခွင့်ရတဲ့
အနာဂတ်အတွက်
ဆက်လက်တိုက်ပွဲဝင်ကြမယ်
အရေးတော်ပုံအောင်ရမည်
San Zuren 🌸
C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
❝ ခင်ခင်ပျိုရေ စောင့်ခဲ့တယ် ❞ တရားဟာ တရားအတိုင်း အမှားဟာ အမှားအတိုင်း ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။ သမိုင်းဆိုတာ နှေးချင်နှေးပြီး မြန်ချ...
-
ဓားမိုးပြီး ကျွန်ပြုထားတဲ့ကိစ္စ ဓားဆွဲပြီး ပြန်လှန်ခုခံရမှာကို ကြောက်စရာလို့ထင်နေရင်လည်း ဒီလူမျိုးဟာ ကျွန်ဘဝနဲ့ဘဲထိုက်တန်တယ်လို့ ရာဇဝင်က အ...
-
ကဗျာဆရာသေဆုံးခြင်း _____________________ ဏေမျိုးဇော် ပါးနမ်းလို့ရတယ် ခေါင်းရိုက်ခွဲလိုက်လို့လဲရတယ် က...
No comments:
Post a Comment