Friday, September 23, 2022

ကမ္ဘာကြီးကိုငါမေးရပါဦးမယ်



#ကမ္ဘာကြီးကိုငါမေးရပါဦးမယ်

ဘဝအဓိပ္ပါယ်ဆိုတာ
လူသတ်သမားလက်ထဲက ဝက်အူလှည့်တွေလား
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

ဘဝအဓိပ္ပါယ်ဆိုတာ
မီးလင်းဖိုထဲက မီးသွေးခဲတွေလိုလား
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

လူနှစ်ယောက် ချစ်မှုပြုပြီးလို့
စွန့်ထုတ်လိုက်တဲ့ သုတ်ပိုးတွေကြောင့်
ဓမ္မကိုပျက်ရယ်ပြုဖို့
မွေးဖွားလာတဲ့ သရော်စာတပုဒ်အကြောင်း
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

ငါတို့သေရမှာထက် 
အာဏာရူးတွေ အသက်ရှင်မှာ ကြောက်တယ်ဆိုတဲ့ ပြည်သူတွေအကြောင်း
ကမ္ဘာကြီးကို ငါမေးရပါဦးမယ်။

ကမ္ဘာကြီးရေ...
လူတစ်ယောက် ဘုရားလုပ်တမ်းကစားနေတာနဲ့တော့
ကျနော့်မေးခွန်းတွေကို စောက်ဖက်မလုပ်ဘဲ မနေပါနဲ့။

မျက်စိရှေ့မှာတင် ဆပ်ပြာပူဖောင်းလေးတွေ
အသံတိတ် ပေါက်ကွဲကုန်ကြပြီ။

#အန်နိုလာ
Dec 16 2021

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...